ရေကြီးနစ်မြုပ်၍ ပျက်စီးခဲ့သော ဆားကွင်း တာတမံများ ပြန်လည် ပြုပြင်

 

မော်လမြိုင် အောက်တိုဘာ

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ဆားကွင်း တာတမံများကို ပြည်နယ် အစိုးရအဖွဲ့၏ အကူအညီဖြင့် ပြန်လည် ပြုပြင်လျက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ထိုလုပ်ငန်းစဉ်ကို ပြည်နည် ဆည်းမြောင်းဦးစီးဌာနနှင့် ဆားလုပ်ငန်း ဦးစီးဌာနတို့မှ ပူးပေါင်း၍ အကောင်အထည် ဖော် ပြုပြင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

“ရေတားတမံတွေ ချောင်းကောမြောင်းကောတွေတူးဖော်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့က သူ့မှာရှိတဲ့ရန်ပုံငွေပေါ်မူတည်ပြီး ပငကျေးရွာအုပ်စုကို စ လုပ်ဆောင်ပေးနေပြီး ” ဟု ၎င်းက ဆိုသည်။
ဆားကွင်း တာတမံများကို အောက်တိုဘာ ၂ ရက်မှစ၍ သံဖြူဇရပ်မြို့နယ်တွင် လုပ်ဆောင်လျက်ရှိကာ ရေးမြို့နယ်တွင်လည်း ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အတွင်း ပြီးခဲ့သော ဇွန်လက ရေကြီးနစ်မြှုပ်မှုကြောင့် ဆားပိဿချိန် ၂၆ သိန်းကျော် ပျက်စီးခဲ့ကာ ဆားလုပ်ငန်းအချို့၏ လုပ်ကွက်များ ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

ယခုအခါ ဆားကွင်းလုပ်ငန်းများမှာ စက်တင်ဘာ၁၅ရက်တွင် စတင်၍ မြေသားလုပ်ငန်းများစတင်လုပ်ဆောင်နေပြီး နိုဝင်ဘာလဆန်းတွင် ချောင်းမြောင်းများမှ ပင်လယ်ရေတင်မည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောဆိုသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.