Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် ဇွန် ၁၇ ရက်က ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် မော်လမြိုင် ဆန်ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆန်ရောင်းဝယ်သူများထံမှ သိရသည်။

ဆန်ဈေးနှုန်းသည် ရေမကြီးခင်က( ဇွန် ဒုတိယအပတ်) ထက်တစ်ပြည်လျှင် ကျပ် ၄၀၀မှ ၆၀၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်၊ ဈေးကြိုရပ်၊ အောင်ပြည့်စုံပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရေကြီးတာကို အကြောင်းပြပြီး ဈေးကစားနေတာပေါ့၊ ကျွန်တော်တို့ဆီမှာ ဆိုလည်း ပစ္စည်းက ရောင်းအားကောင်းနေတယ်လေ၊ ဈေးကတော့ ငြိမ်ဖို့ မသေချာသေးဘူး၊ အတက်အကျတော့ ဖြစ်နေဦးမှာပဲ” ဟု၎င်းက ဆိုသည်။

မိုးဆက်တိုက်ရွာသွန်းမှုများဖြစ်နေသောကြောင့် ဆန်တင်ပို့မှုနောက်ကျနေပြီး ပွဲရုံတွင် ပစ္စည်းလက်ကျန်နည်း နေ
ကြောင်း ၎င်းက ပြောသည်။

ဇွန် ၁၈ ရက်က မော်လမြိုင် ဆန်ဈေးကွက်တွင် တောင်ပျံ တစ်ပြည် ၃,၂ဝဝ ကျပ်၊ ပေါ်ဆန်း ၃,၄ဝဝ ကျပ်၊ မွှေးဝါ ၁,၅ဝဝကျပ်၊ ကောက်ကြီး ၁,၅ဝဝ ကျပ်နှင့် ဧည်မထ ၁,၆ဝဝ ကျပ်ထိမြင့်တက်လာခဲ့သည်။

ရေမကြီးခင် ဆန် တစ်ပြည်ဈေးနှုန်းမှာ တောင်ပျံ ၂,၆ဝဝကျပ်၊ ပေါ်ဆန်း ၂,၈ဝဝ ကျပ်၊ မွှေးဝါ ၁,၂ဝဝ ကျပ်၊ ကောက်ကြီး ၁,၃ဝဝ ကျပ် နှင့် ဧည့်မထ၁,၂ဝဝ ကျပ်သာ ရှိခဲ့သည်။

ဈေးကွက်အတွင်း ဆန်ဈေးနှုန်း မငြိမ်မသက်ဖြစ်နိုင်ပြီး ချက်ချင်းပြန်ကျနိုင်မှာ မဟုတ်ကြောင်း အောက်လမ်းမကြီးရှိ
သော် ဆန်ရောင်းဝယ်ရေး ပိုင်ရှင်ဒေါ်သော်ဇင်က ပြောသည်။

“ကုန်သည်တွေ ပွဲစားတွေကတော့ ဈေးကစားကြမှာပဲလေ၊ ပစ္စည်းလက်ကျန် နည်းရင် ပိုဆိုးလိမ့်မယ်၊ အန်တီတို့ကတော့
ဈေးကို အရမ်းတင်လို့လည်းမရဘူး၊ ပွဲရုံတွေ အကုန်လုံးကဈေးကို ချိန်ညှိကြတယ်လေ၊ ဈေးကချက်ချင်းတော့ ပြန်မ
ကျနိုင်ဘူး” ဟု ၎င်းက ပြောသည်။

မော် လမြိုင်တွင် ရေကြီးမှုကြောင့် ပွဲရုံအတွင်း သိုလှောင်ထားသော ဆန်အိတ်အများအပြားရေစိုပျက်စီးခဲ့ကြောင်းဆက်
လက်ပြောသည်။

ဆန်ဈေးနှုန်း တက်လာမှုကြောင့် လက်လုပ်လက်စား ပြည်သူများစားဝတ်နေရေး ခက်ခဲနိုင်ကြောင်း ဈေးကြိုရပ်တွင်နေထိုင်သူ ဦးမြင့်ဦးက ပြောသည်။

“လူတွေဒုက္ခရောက်နေတဲ့အချိန် ဈေးကျဖို့ မရှိဘူး၊ တက်မယ်ဆိုတာကြီးပဲ၊ တစ်ခါတလေ စဉ်းစားတယ်၊ လက်လုပ်
လက်စားတွေ ဘယ်လိုများ စားကြမလဲလို့”ဟု ၎င်းကပြောသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply