Advertisements

မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပျိုးပင်များနှင့် အစားထိုးသီးနှံများစိုက်ပျိုးနိုင်ရန် အစားပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက  ပြောကြားသည်။

“ထိခိုက်လည်း ထိခိုက်တဲ့ အလျှောက် ကူညီထောက်ပံ့မှုတွေပေးသွားမယ်။ ပျက်စီးတယ်ဆိုရင်တော့ ပျိုးပင်ရော။ မြေသြဇာပါပေးသွားမယ်။ တချို့ဒေသမှာကျ စပါးပြန်မစိုက်ချင်တော့ဘူး ၊ ကျိုက်မရော တို့လိုပေါ့လေသူတို့က နဂိုကတည်းက ရေကျနောက်စိုက်ဆိုတော့ စပါးပေးလည်း စိုက်မှာ မဟုတ်ဘူး။ ပဲတွေ မီးဖိုချောင်သီးနှံတွေ စိုက်ကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ်တွင်ရေကြီးရေလျှံမှုများစတင်ဖြစ်ပွားခဲ့ခြင်းကြောင့် လယ်ဧက ၈ သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ထိ ပြည်နယ်အစိုးရ ကောက်ယူထားသော စာရင်းများအရ သိရှိရသည်။

“စပါးဆိုရင်တော့ သက်တမ်းတို၊ ကာလတိုမျိုးတွေ ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာနနှင့်ပြန်လည်ညှိနှိုင်းထောက်ပံ့ဖို့က  အဆင့်သင့်ပဲ ကျွန်တော်တို့မှာ စာရင်းတက်ဖို့ပဲ လိုတာပေါ့။ ရေကလည်း အတက်မကျမငြိမ်သေးတော့ စာရင်းကထပ်တိုးဖို့လည်း ရှိတယ်“ ဟု ဦးထွန်းဌေးက ဆိုသည်။

လတ်တလော စာရင်းများ အရ မွန်ပြည်နယ်အတွင်း ရေကြီးရေလျံမှုများကြောင့် လယ်ဧက ၈၀၀၀ ကျော် ထိခိုက်မှုရှိခဲ့ပြီး လယ်ဧက ၁ ထောင်ကျော်မှာ လုံးဝပျက်စီးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရရုံးစာရင်းများအရ သိရသည်။

ရေးမြို့နယ်တွင် လုံးဝပျက်စီးခဲ့သော လယ်ဧက ၇၀၀  ကျော်ရှိပြီး  ချောင်းဆုံ မြို့နယ်တွင် ဧက  ၂၀၀ လုံးဝပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရ၏စာရင်းဇယားများအရ သိရှိရသည်။

ကျိုက်မရောမြို့နယ်အတွင်း ရေကြီးမှုများကြောင့် ကြံစိုက်ဧက ၂၀၀ ခန့် ရေမြုပ်ခဲ့သည်။

ရန်လင်းအောင်

Leave a Reply