မော်လမြိုင် သြဂုတ် ၂၃

မွန်ပြည်နယ်အတွင်း သြဂုတ်လ ၉ ရက်နေ့ စတင်ဖြစ်ပွားခဲ့သော ရေကြီးနစ်မြှပ်မှုများနှင့် သဘာဝဘေးအန္တရယ်များ ကြောင့် စာသင်ကျောင်းများ ပိတ်မထားခဲ့ရပြီး သြဂုတ်လ ၂၃ ရက်နေ့ ထိ ပြန်လည်ဖွင့် လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် စာသင်ကျောင်း ၁၇ ကျောင်း ရှိကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံး ထံမှသိရှိရသည်။

ကျိုက်မရောမြို့နယ် က စာသင်ကျောင်း ၁၆ နှင့် ပေါင်မြို့နယ် စာသင်ကျောင်း တစ်ကျောင်း မှာ လက်ရှိချိန် ထိ ဖွင့် လစ်နိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဒါက်တာချိုချိုမြအောင် ကပြောကြားသည်။

“ ရေပြန်ကျတဲ့အချိန်မှာ တတ်နိုင်သလောက်စုစည်းပြီးတော့ သက်ဆိုင်ရာ ကျောင်းတွေ နဲ့ ကူညီတဲ့အဖွဲ့ အစည်း တွေပေါင်းပြီး လိုအပ်ရင် ကုန်ကျစရိတ်ပါ စိုက်ထုတ်ပြီး ကျောင်းဖွင့် ဖို့ အဆင့်သင့်ဖြစ်အောင် သန်ရှင်းရေးဆောင်ရွက်ဖို့လိုအပ်တယ်” ဟု၎င်း ကရှင်းပြသည်။

မွန်ပြည်နယ်တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့တဲ့အတွတ်သြဂုတ်လ၉ရက်နေ့မှတင်ပြီးစာသင်းကျောင်း၆၅၉ ကျောင်းစတင်ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

စိုင်းထွန်းစံ ၊ လဲ့လဲ့ဝင်း

Leave a Reply