မော်လမြိုင်၊ မတ် ၁ ။ ။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ဝင်းပကျေးရွာ၊ ရေတွင်းဖြူရပ်တွင် မတ်လ ၁ ရက် နံနက် ရ နာရီခွဲခန့်က ကုန်စုံဆိုင်မှ ရေခဲသေတ္တာ အပူလွန်ကဲရာမှ တဆင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ta-htone

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ၊ အနံ ၄၀ ပေ အုတ်ညှပ်နှစ်ထပ် အဆောက်အဦး အပေါ်ထပ်န ှင့် ရေခဲသေတ္တာ မီးလောင််ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်ရာနေရာသို့ သထုံခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ ကျိုက္ကော်ရပ်ကွက်မှ ကိုယ့်အားကိုကိုး မီးငြိမ်းသတ်ယာဉ် တစ်စီး၊ သိမ်ဆိပ်ရပ်ကွက်မှ ကိုယ့်အားကိုကိုး မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် တံတားဦးကျေးရွာမှ ကိုယ့်အားကိုကိုး မီးငြိမ်းသတ်ယာဉ် တစ်စီး လာရောက်ငြိမ်းသတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုကို သထုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၈ နာရီတွင် မီးလုံးဝငြိမ်းသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

မီးလောင်မှုနှင့် ပတ်သတ်ပြီး ဆိုင်ပိုင်ရှင် ဦးညီညီထွေးအား သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှ (ပ) ၁၅/၂၀၁၆ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

Leave a Reply