ချောင်းဆုံ အောက်တိုဘာ

ဘီလူးကျွန်း ၊ ဒေါင်းရပ်အနောက်ကျေးရွာနှင့် ဒရယ်ကျေးရွာ လယ်ကွင်းတို့တွင် သြဂုတ်လ ၁၂ ရက်နေ့ ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုးပြတ်သွားသောတာတမံများ ၊ ရေထုတ်ပေါက်မြေကာနံရံကျိုးပေါက်မှုများကို ယခုအပတ်အတွင်းပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းမြို့နယ်ဆည်မြောင်းဦးစီးဌာနကတစ်ဆင့်သိရသည်။

“ဒေါင်းရပ်အနောက်ကျေးရွာလယ်ကွင်းမှာကျိုးပြတ်သွားတဲ့တာတမံ ပေ ၃၆၀ နဲ့ ဒရယ်ကျေးရွာလယ်ကွင်းက ရေထုတ်ပေါက်မြေကာနံရံကျိုးပေါက်ခဲ့တဲ့ ပေ ၆၀ ပြုပြင်ခြင်းလုပ်ငန်းတွေကို ခုရက်ထဲမှာ အပြီးသတ်ဆောင် ရွက်သွားမှာဖြစ်တယ်”ဟု ယင်းဌာနဦးစီးမှူး ဦးခင်မောင်မောင်ဇော်ကပြောသည်။

ဒေါင်းရပ်အနောက်ကျေးရွာလယ်ကွင်းတွင် တာတမံအရှည် ၃၆၀၀ ပေ ၊ အောက်ခြေ ၄၀ ပေ ၊ အမြင့် ၈ ပေ ၊ တာမျက်နှာပြင်အကျယ် ၁၂ ပေ ကို မြို့နယ်ဆည်မြောင်းဦးစီးဌာနက ၂၀၁၇ ဧပြီလတွင် ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော ၂ လက ထူးကဲဒီရေ မြင့်တက်မှုဖြစ်စဉ်ကြောင့်
အစိတ်အပိုင်းအချို့ပျက်စီးခဲ့၍ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်းဒေါင်းရပ်အနောက်ကျေးရွာနေ ဦးမြင့်ရွှေကပြောသည်။

ဒေါင်းရပ်အနောက်ကျေးရွာတွင်ကျိုးပြတ်နေသောတာတမံကိုပြန်လည်ပြုပြင်နိုင်ခြင်းကြောင့် ဒေါင်းရပ်အနောက် ကျေးရွာပိုင် ကွင်းအမှတ် ၊ ၆၄၅ ရိမ်းရိုင်ကွင်း ၊ ကွင်းအမှတ် ၊ ၆၄၈ တံခွန်တိုင်ကွင်းတို့မှ မိုးစပါးစိုက်ဧက ၄၀၀ ကျော်ကိုရေငန်ဝင်ရောက်ခြင်းမှကာကွယ်ပေးနိုင်ကြောင်း ၎င်း ကဆက်လက်ရှင်းပြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply