ဓါတ်ပုံ အညွှန်း – ကမ်းပါးရေတိမ်ဒေသများနေ့ အခမ်းအနားတက်ရောက်ခဲ့ကျသူများ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၃ ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သိမ်ငူကျေးရွာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA)မှ ရေတိမ်ဒေသများနေ့ (Ramsar) ကိုဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပခဲ့ကြောင်း (BANCA) အဖွဲ့၏ စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်ညွှနှ့်က ပြောသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် ဘီးလင်းမြို့နယ် သိမ်ငူကျေးရွာတွင် အခြေစိုက်လျက် မျိုးတုန်းလုနီးပါးဖြစ်ပေါ်နေသော ငှက်မျိုးစိတ်နှင့် တခြားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဓါတ်ပုံ အညွှန်း – ကမ်းပါးရေတိမ်ဒေသများနေ့ အခမ်းအနားတက်ရောက်ခဲ့ကျသူများ
ဓါတ်ပုံ အညွှန်း – ကမ်းပါးရေတိမ်ဒေသများနေ့ အခမ်းအနားတက်ရောက်ခဲ့ကျသူများ

မုတ္တမပင်လယ်ကွေ့ကို တတိယ ရေတိမ်ဒေသအဖြစ် သတ်မှတ်ရန် ကြိုးစားလျက်ရှိပြီး သဘောတူညီချက်များ ရရှိနေပြီးဖြစ်ကြောင်းနှင့် မုတ္တမပင်လယ်ကွေ့ ရေတိမ်ဒေသ၏ စံချိန်စံညွန်းများမှာ တခြားနိုင်ငံ၊ တခြားဒေသများထက် ပိုမိုပြည့်စုံလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ရေတိမ်ဒေသဆိုတာ ရေတွေကိုစုပ်ယူထိန်းသိမ်းပေးပြီး ရေလွှမ်းမိုးမှုတွေကို ကာကွယ်ပေးတယ် နောက် တစ်ချက်ကတော့ အဝီစိတွေတူးလို့ မြေအောက်ရေတွေ ဆုံးရှုံးသွားရင် ရေတိမ်ဒေသက ပြန်ပြီးတော့ အစားထိုး ဖြည့်ပေးတယ် ဒါတွေတင်မကဘူး လူသားတွေအတွက်အများကြီး အကျိုးပြုပေးတာတွေရှိတယ်”ဟု (BANCA) အဖွဲ့၏ စီမံကိန်းမန်နေဂျာ တစ်ဦးဖြစ်သူ ဒေါက်တာသီရီက ပြောဆိုသည်။

ရေတိမ်ဒေသရှိခြင်းအားဖြင့် ကမ္ဘာပေါ်တွင်ရှားပါးနေပြီးဖြစ်သော ငှက်မျိုးစိတ်များ လာရောက် ဆောင်းခိုလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် အကောင်ရေ ၅၀ဝ နီးပါးလောက်သာ ကျန်ရှိတော့ကြောင်းနှင့် ရေညှောင့်နှုတ်ဝိုင်းငှက် (ဒီလုံး) များသည် မုတ္တမပင်လယ်ကွေ့ဖြစ်သော ကျိုက်ထို၊ ဘီလင်း၊ ပေါင် စသည့် ပင်လယ်နှင့် နီးစပ်သည့် နေရာများတွင် တစ်ကမ္ဘာလုံး၏ ရေညှောင့်နှုတ်ဝိုင်းငှက် (ဒီလုံး) ၅၀ ရာခိုင်နှုန်းခန့်မှာ နှစ်စဉ် လာရောက် ဆောင်းခိုလျက်ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရေတိမ်ဒေသအဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းကို ရေတိမ်ဒေသအဖြင့် ၂၀ဝ၅ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့ပြီး ကချင်ပြည်နယ်အင်းတော်ကြီးကို ဒုတိယ ရေတိမ်ဒေသအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မိုးယွန်းကြီးအင်း၌ ကြေညာခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ကျိုက်ထိုမြို့တွင် ရေတိမ်ဒေသအဖြစ် သတ်မှတ်ထားသော ဧရိယာပေါင်း ၁၃၄၃၃ ဧကရှိပြီး ဘီးလင်းမြို့တွင် ၂၄၇၆၉ ဧကကို ရေတိမ်ဒေသအဖြစ် သတ်မှတ်ထားကြောင်းနှင့် ၎င်းနေရာများတွင် ရှားပါးသော ဆောင်းခိုငှက် မျိုးစိတ် ၁၅၀ဝ၀ဝ မှ ၂၀ဝ၀ဝ၀ နီးပါးအထိ လာရောက်ဆောင်းခိုလျက်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) ထံမှ သိရသည်။

နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကလည်း ယင်းဆောင်းခိုငှက်မျိုးစိတ်များကို လာရောက် ကြည့်ရှုလေ့ရှိကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Leave a Reply