Advertisements

မော်လမြိုင်၊ သြဂုတ်၂၃

မွန်ပြည်နယ် သဘာဝဘေးအန္တရယ် ကျရောက်ခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေး အတွက် အလှူ အသီးသီး က ပေးအပ်ထားသော အလှူငွေ ကျပ်သန်း တစ်ထောင်ကျော် ရရှိထားကြောင်း မွန်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဇင်ဦး ကပြောကြားသည်။

“နာမည်တပ်လှူထားတဲ့ကျောင်းတွေကိုတော့ ပြန်လည်ထူထောင်ရေးမှာ နာမည်တကွပေးအပ်သွားစမယ်။ ကျန်တာတွေကို တော့ အစိုးရ ပြန်လည်ထူရေးလုပ်ငန်းထဲ လိုအပ်တဲ့နေရာတွေ မှာအသုံးပြုသွားမယ်” ဟု ၎င်း ကထပ်လောင်း ပြောကြားသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြည်ထောင်စု အစိုးရ နှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

“ပြန်လည်ထူထောင်ရေးက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြန်ပြီးတော့ ညိျှနှိုင်း ရမှပါ ။ပြန်လည် ထူထောင် ရေးလုပ်တဲ့လုပ်ငန်းတွေမှာ ပြည်ထောင်စုအစိုးရက ဘယ်လောက် ထောက်ပံ့ပေးနိုင်လဲ ။ ပြည်နယ်အစိုးရက ဘယ်လောက် ရန်ပုံငွေရှိလည်း အဲ့အပေါ်မှာ ဘယ်လိုလုပ်ငန်းမှာဘယ်လောက်ကျခံဖို့ ညှိနှိုင်းဖို့ လိုပါတယ်” ဟု ၎င်း ကဆိုသည်။

လတ်တလော အလှူရှင်များ လှူဒါန်းထားသော ငွေများ ကို ကမ္ဘောဇဘဏ်တွင် အကောက်ဖွင့်လှစ်ထားပြီး ရေရှည်အတွက်လိုအပ်သည့် စာသင်ကျောင်း၊ဆေးရုံနှင့် နေအိမ်များ ပြန်လည်ထူထောင်သည့်နေရာတွင် လှူဒါန်းစေလိုကြောင်း ဦးကျော်ဇင်ဦးက တိုက်တွန်းပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့တွင် မွန်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်မရော ၊ မော်လမြိုင် ၊ ရေး ၊ မြို့နယ် များတွင်ဆိုးဆိုးရွား ရွား ရေကြီးရေလျှံ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း သောင်းချီ ရေဘေးဒုက္ခ ခံစားခဲ့ရသည်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တွင် မလတ်တောင် ပြိုကျမှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply