Advertisements

မော်လမြိုင်၊ ဇွန် ၂၄

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေမြောင်းများ၌ ကျူးကျော် ဆောက်လုပ်ထားသည် နေအိမ်များကို ဖယ်ရှား ရှင်းလင်း၍ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

ဇွန် ၂၂ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အောင်ဆန်းခန်းမ၌ ရေဘေး အန္တရာယ် ကျရောက်ခဲ့မှုနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

“ကျူးကျော်ပြီးတော့ ရေနုတ်မြောင်းတွေမှာ အိမ်တွေဘာတွေဆောက်ထားတဲ့ကိစ္စကိုလည်း တိတိကျကျ၊ လျင်လျင်မြန်မြန်နဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယခုအခါ မော်လမြိုင် မြို့ပေါ်ရပ်ကွက်ရှိ ရေမြောင်းများကို ပြန်လည်တူးဖော်လျက်ရှိပြီး ကျူးကျော်မှုများအား စိစစ်တွေ့ရှိပါက ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရေကြီးနစ်မြုပ်ခဲ့သည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များအတွင်း ချောင်းမြောင်းများတူးဖော်မှုကို စည်ပင်သာယာရေးဦးစီးဌာန၊ ဆည်မြောင်းဌာနနှင့် ဆောက်လုပ်ရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ကာ ပြန်လည်တူးဖော်မှုများပြုလုပ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ အနေနဲ့ ရေမြောင်း ပြန်လည် တူးဖော်မှုတွေကို ဦးစားပေး သုံးရပ် ခွဲပြီး လုပ်ဆောင်နေတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးလှဝင်းတင်က ပြောဆိုသည်။

ပထမဦးစားပေးအနေဖြင့် မော်လမြိုင် ရွှေတောင်ရပ်ကွက်၊ ဒုတိယ ဦးစားပေးမှာ ရွှေမြိုင်သီရိ၊သာယာအေး၊ လှိုင်ရပ်ကွက်များ၊ တတိယ ဦးစားပေးမှာ ငန်းတေး၊ဇေယျာမြိုင်ရပ်ကွက်တို့ ဖြစ်သည်။

Written by သက်ပိုင်

Leave a Reply