ဆင်ပုန်းကမ်းခြေဟာ မော်လမြိုင်မြို့ရဲ့တောင်ဘက် (၅၅)မိုင်အကွာမှာတည်ရှိပြီး ကျိုက္ခမီရေလယ်ဘုရားနဲ့ မလှမ်းမကမ်း ဆင်ပုန်းရွာမှာရှိတဲ့ ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။ ။ ကမ်းခြေဟာ လူသိနည်းပါးပြီး နာမည်မကြီးတဲ့ သဘာဝအရိုင်း ကမ်းခြေတစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ ပြည်တွင်းက လာရောက် လည်ပတ်သူတွေ တဖွဲဖွဲလာရောက် လည်ပတ်ရာ ကမ်းခြေအသစ်တစ်ခုအဖြစ် စတင်အသက်ဝင်လာနေပြီဖြစ်ပါတယ်။

Leave a Reply