မီးစာကို မီးတို့ပြီးရင်တော့ မီးပုံးပျံထဲကို မှိုင်းတွေပြည့်ဖို့ တစ်နာရီလောက် အချိန်ယူရပါတယ်။ မှိုင်းမပြည့်ခင် အချိန်မှာလည်း မီးပုံးပျံကို လူအယောက် ၃၀ ဦးခန့်ထိန်းထားရပါတယ်။

မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာက လူငယ်တွေရဲ့ စုပေါင်းမှုနဲ့ ပြုလုပ်နေတဲ့ မီးပုံးပျံကြီးတစ်လုံး ရှိပါတယ်။ မီးပုံးပျံကို အခုလို စုပေါင်းပြီး ပြုလုပ်လာတာဟာ ယခုနှစ်ဆိုရင်တော့ ရှစ်နှစ်ရှိပြီး ဖြစ်ပါတယ်။ မီးပုံးပျံ ဖြစ်မြောက်လာဖို့အတွက် ရောင်းဒေါင်းကျေးရွာ၊ ကျောင်းဟောင်းမှ သံဃာတော်တွေက ဦးဆောင်ပြီး ရွာထဲက လူငယ်တွေနဲ့ စုပေါင်းဖန်တီး ပြုလုပ်တာပဲဖြစ်ပါတယ်။ အခုလိုမီးပုံးပျံတစ်လုံး ဖြစ်မြောက်ဖို့အတွက် နှစ်လကြာ အချိန်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – စိုင်းမွန်

Leave a Reply