နယူးယောက် မေ ၈

အမေဇုန် အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီရဲ့ လုပ်ငန်းအသစ်တစ်ခုဖြစ်တဲ့ အမေဇုန်ဂိုးလ် အမည်ရ ရောင်းသူမဲ့ စတိုးဆိုင်ကို မေလ ၇ ရက်နေ့က နယူးယောက်မြို့မှာ ပထမဆုံး ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလိုရောင်းသူမဲ့စတိုးကို အမေရိကန်နိုင်ငံမှာစတင်ဖွင့်လှစ်တာ ပထမဆုံးဖြစ်ပြီးတော့ နယူးယောက်မြို့က လုပ်ငန်းအသစ်ရဲ့ ခြေလှမ်းအသစ်စရာနေရာဖြစ်ခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

အင်တာနက်အခြေပြု ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အမေဇုန်ရဲ့ အမေဇုန်ဂိုးလ် ရောင်းသူမဲ့စတိုးကို နယူးယောက်မြို့လယ်ခေါင် ဘရွတ်ဖီးလ်မှာ ရှိတဲ့ ရှော့ပင်းစင်တာရဲ့ ဒုတိယအထပ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုင်ရဲ့ ပျမ်းမျှအကျယ်ဟာ ၁၃၀၀ စတုရန်းပေကျယ်ဝန်းတယ်လို့ သိရပါတယ်။

နောက်ထပ်အစီအစဉ်တွေအနေနဲ့ စတိုးဆိုင်ခွဲတွေကို စက်တဲလ်မြို့နဲ့ ဆန်ဖရန်စ္စကိုမြို့မှာ ဆက်ဖွင့်သွားဖို့ရှိတယ်လို့သိရပါတယ်။

အမေဇုန်ဟာ ယခင်က ငွေသားနဲ့လက်မခံဘဲ ဘဏ်ဝန်ဆောင်မှုနဲ့သာ ငွေပေးချေမှုကိုလက်ခံတာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရောင်းသူမဲ့စတိုးဆိုင်တွေဖွင့်လှစ်ပြီး ဘဏ်နဲ့ပေးချေမှုကိုသာ မက ငွေသားနဲ့ပါ စတိုးဆိုင်တွေမှာငွေပေးချေနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောထားပါတယ်။

ဒါပေမဲ့ ဈေးဝယ်သူတွေ လွတ်လွတ်လပ်လပ်နဲ့ ဈေးဝယ်နိုင်ဖို့နဲ့ အလုပ်သမားလိုအပ်မှုတွေကို လျှော့ချချင်တာကြောင့် ရောင်းသူမဲ့ စတိုးဆိုင်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အမေဇုန်အပလီကေးရှင်းထဲမှာရှိတဲ့ လိုချင်တဲ့ပစ္စည်းကို ရွေးချယ်ပြီး ရောင်းသူမဲ့စတိုးတွေမှာ တိုက်ရိုက် ငွေသားပေးချေဝယ်ယူနိုင်တာဖြစ်လို့ အချိန်ကုန်တာကိုလည်း လျှော့ချနိုင်ပြီး ပစ္စည်းအရည်အသွေးကိုလည်း စိတ်ကြိုက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဈေးဝယ်ရင်းဗိုက်ဆာလာတဲ့အခါမှာလည်း စတိုးဆိုင်တွေမှာ အစားအသောက်တွေကို အစုံအလိုက် ဝန်ဆောင်မှုပေးမှာဖြစ်လို့ အဆင်သင့်ဖြစ်လွန်းတယ်လို့ ကြေညာထားပါတယ်။ အမေဇုန်ကို Grabနဲ့ ချိတ်ဆက်ထားတာကြောင့် စတိုးဆိုင်တွေရှိရာကို Grabနဲ့သွားတဲ့အခါ ရတဲ့ပွိုင့်တွေကို အမေဇုန်ရောင်းသူမဲ့ စတိုးတွေမှာပြန်သုံးလို့ရဦးမှာ ဖြစ်ပါတယ်။

အမေဇုန်ဂိုးလ်ဆိုင်ခွဲတွေကို ၂၀၂၁ခုနှစ်မှာ ကမ္ဘာအနှံ့ ဆိုင်ခွဲပေါင်း ၃၀၀၀ ကျော်အထိဖွင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: CNBC

Leave a Reply