မော်လမြိုင်၊ မတ် ၁၁

ရေးဖြူမြို့နယ်၊ မျောက်ချောကျေးရွာတွင် အများပြည်သူအသုံးပြုနေသည့် ရေးပိုက်ကို သွားပြုပြင်ရာမှ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေ ကြေမွသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မျောက်ချောကျေးရွာဒေသခံများ အသုံးပြုနေသည့် ရေးပိုက်ကို ဖျက်ဆီးခံထားရသည့်အတွက် တစ်ရွာလုံးရေးပြန်လည်အသုံးပြုနိုင်ရန်အတွက် ၎င်းတို့က ရေးပိုက်သွားရောက်ပြုပြင်ခြင်းဖြစ်ကြောင်း ထာဝယ်ခရိုင် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ဆိုသည်။

“တစ်ရွာလုံး အသုံးပြုနေတဲ့ရေးပိုက်က ဖျက်ဆီးခံထားရတယ်။ ဒီနေ့ ရွာသားတွ သွားပြင်ကြတော့ အဲဒီပိုက်ပျက်တဲ့နေရာမှာပဲ မိုင်းနင်းမိပြီးတော့ ညာဘက်ခြေ ကြေသွားတယ်”ဟု ထာဝယ်ခရိုင် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြေမြှုပ်မိုင်းနင်မိသူ မျောက်ချောကျေးရွာနေ နိုင်ပိုင်ကို ဆေးရုံးသို့ ပို့ဆောင်နေပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်က မျောက်ချောကျေးရွာတွင် တောမီးလောင်းနေသည်ကို ဆိုင်ကယ်ဖြင့် သွားရောက်ငြိမ်းသတ်ရာမှ လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိအချိန်တွင် မည်သည့်အဖွဲ့အစည်းက မြေမြှုပ်မိုင်း လာရောက်မိုင်းထောင်ထားသည်ကို သိရှိထားခြင်း မရှိသေးသည့်အပြင် လက်ရှိအချိန်တွင် မြေမြှုပ်မိုင်းများရှိနေသည်ကို ဒေသခံများက ခြံသွားရန် ကြောက်နေကြသည်။

မွန်ပြည်သစ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ လှုပ်ရှားနေကြသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မကြာခဏမိုင်းပေါက်ကွဲနေသည့်ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများ မျက်နှစ်ချင်းဆိုင် တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက တိုက်တွန်းထားမှုကို သတင်းဌာနများဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းမကြာခဏ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ဒေသခံများလည်း ဒဏ်ရာများရရှိခဲ့ကြသည်။

ရွှေရိုး

Leave a Reply