ရေးမြို့နယ်အတွင်းရှိရေချိုငါးဖမ်းနိုင်သောချောင်း၁၅ချောင်းကိုတင်ဒါ ခေါ်ယူရောင်းချရာ (၇)ခုသာတင်ဒါ အောင် မြင်ကြောင်းရေးမြို့ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။

Ye Ship

အဆိုပါ ရေချိုတင်ဒါချောင်းပိုက်များလေလံတင်ရောင်းချခဲ့ရသောချောင်းခုနှစ်ချောင်းမှာအော်ကြီး၊ ကမွတ်ကင်း၊ ဒေးပနွဲ့၊ လမိုင်းရေကျော်၊ ကော့ဒွတ်၊ ရေး၊ နှစ်ကလုပ်ချောင်းတို့ဖြစ်ပြီးအခွန်ငွေ နှစ်ဆယ့်သုံးသိန်းလေးသောင်းကျပ်ရရှိခဲ့ကြောင်းရေးမြို့ငါးလုပ်ငန်းဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးဇော်မင်းဦးကပြောကြားသည်။

ရေးမြို့နယ်ဒေသအတွင်းရှိကျန်ရှိသောချောင်းရှစ်ချောင်းကို တစ်ပတ်ခြားတစ်ကြိမ်လေလံများဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

“မနှစ်ကဈေးနဲ့ ဒီနှစ်ဈေး၁ဝ ရာခိုင်နှုန်းကွာတယ် နှစ်တိုင်း ၁ဝ ရာခိုင်နှုန်းတိုးတယ်။ ပြီးတော့ လုပ်ငန်းကိရိယာခွန်လည်းရှိသေးတယ် သုံးလေးသောင်းပေါ့”ဟု နှစ်ကလုပ်ချောင်းမှ လေလံဆွဲသူဦးမြင့်အေးကဆိုသည်။

ယခင်နှစ်တွင် ခရိုင်အတွင်းမှာရှိသည့် တင်ဒါများကိုမော်လမြိုင်ရုံးမှာ ရောင်းချခဲ့ပြီးယခုနှစ်တွင် ရေးမြို့နယ်အတွင်းရှိအောက်ခြေရေလုပ်သားများအဆင်ပြေရန် ရေးမြို့ရုံးတွင် တင်ဒါရောင်းချခဲ့သော်လည်းခရိုင်အဖွဲ့ဝင်များကသာလာရောက်ရောင်းချပေးခဲ့ကြောင်းရေးမြို့ ငါးလုပ်ငန်းဦးစီးမှူးရုံးမှ သိရသည်။

Leave a Reply