ရေးမြို့နယ်မှ ထွက်ရှိသော မင်းဂွတ်သီးများ အထွက်နည်းနေခြင်းကြောင့် ယခင်နှစ်ထက် နှစ်ဆကျော် ဈေးနှုန်း မြင့်တတ်လာကြောင်း ရေးမြို့နယ် မင်းဂွတ်သီးခြံရှင် ဦးကျော်မိုးက ဟင်္သာမီဒီယာကို ပြောကြားသည်။

ယခင်နှစ်က  မင်းဂွတ်သီးတစ်လုံးလျှင် ၇၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် မင်းဂွတ်သီးတစ်လုံးလျှင် ၁၇၀ ကျပ်အထိ  ရှိလာကြောင်း ၎င်းက ပြောသည်။

 “မင်းဂွတ်သီးကတော့ ဒီနှစ်ဈေးကောင်းတယ်ပေါ့ အခုချိန်ထိဈေးမကျသေဘူး ၊ စထွက်ကတည်းက အခုချိန်ထိ ဈေးကောင်းနေဆဲ၊ ပြန်မကျသေဘူး” ဟု ၎င်းက ဆိုသည်။

ရေးထွက် မင်းဂွတ်သီးများ ဈေးနှုန်း မြင့်တတ်လာရခြင်းသည် တခြားမြို့ကြီးများမှ ဝယ်ယူမှု မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုလိုက်သည်။

 “မနှစ်က ဒီအချိန်ဆိုရင် မင်းဂွတ်သီးကတော့ အများကြီး ထွက်နေပြီး၊ အခုက အထွက်တော်တော်လေး နည်းနေတယ်၊ ယခင်နှစ်ထက် အများကြီး ဈေးကြီးနေတယ်” ဟု မင်းဂွတ်သီး အရောင်းဆိုင်ရှင် တစ်ဦးက ပြောဆိုသည်။

ရေးမြို့နယ်ထွက်  မင်းဂွတ်သီးများကို မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့များသို့ အများဆုံတင်ပို့ ရောင်းချလျက်ရှိကြောင်း အဆိုပါ မင်းဂွတ်သီးအရောင်းအဝယ်ဒိုင်များထံမှ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply