- ဒီဇင်ဘာလ ၂၈
ရေးမြို့နယ် အစင်ကျေးရွာအုပ်စုမှာ ရှိတဲ့ မြတ်သူရ ကုမ္ပဏီပိုင်လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ
ဒီဇင်ဘာလ ၂၈နေ့က နေ့လည် ၁၁နာရီလောက်မှာ မီးလောင်ခဲ့ပါတယ်။
၎င်းစက်ရုံက ရေးမြို့နယ် အတွင်းက ကျေးရွာတစ်ချို့ကို မီးပေးတဲ့ စက်ရုံလည်းဖြစ်ပါတယ်။
စက်အင်ဂျင်ကနေ တစ်ဆင့်ရှော့ပ်ဖြစ်ပြီး မီးစမှ မီးစလောင်ခဲ့တာဖြစ်တယ်လို့ ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။
“အင်ဂျင်ကို ဆီဖြည့်တဲ့ အချိန်မှာ အဲ့ဒီက ရှောပ့် ဖြစ်ပြီး မီးပွားဖြစ်ပြီးတော့မှ အဲ့ကစလောင်တာပေါ့ ခုချိန်ထိကတော့ လုံးဝ ငြိမ်းသလောက်နီးပါးဖြစ်သွားပြီး လောင်စာဆီတွေ ဖြစ်တဲ့အတွက် လောင်စာဆီတွေက အပေါ်ကနေ ပါးပါးလေးတော့ လိုက်လောင်နေတယ် အားလုံးငြိမ်းသလောက်ဖြစ်သွားပြီလို့ သိရတယ် ” ဟု ဦးအောင်နိုင်ဝင်းက ဆိုပါတယ်။
ဒီမီးလောင်မှုမှာတော့ လူထိခိုက်မှု မရှိဘဲ မီးစက် စက်ရုံအဝင်းမှာ ရှိတဲ့ အဆောက်အအုံတချို့ လောင်ကျွမ်း ဖျက်စီးသွားတာလည်း ဖြစ်ပါတယ်။
မြတ်သူရ ကုမ္ပဏီ က ရေးမြို့ပေါ် ၉ရပ်ကွက်နဲ့ ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၅အုပ်စုကို မီးပေးနေတာလည်း ဖြစ်ပါတယ်။
ဟင်္သာမီဒီယာ
Photo Aung Naing Win Facebook