မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် ၈ကြိမ်မြောက်စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်းစီမံကိန်းသင်တန်းကိုဇူလိုင်လ၇ရက်နေ့မှ ၉ရက်နေ့အထိသုံးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းYSS ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ၏ အတွင်းရေးမှူးဦးအောင်နိုင်ဝင်းကဟင်္သာမီဒီယာသို့ ပြောသည်။

water worker

အဆိုပါသင်တန်းကိုCapacity Building Initiative (CBI) အသင်းနှင့်YSSအဖွဲအစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးသာသနာ ၂၅၀ဝရေလယ်ဘုရားသာသနာဗိမာန်တော်ကြီးမှာဖွင့်လှစ်မည်ဖြစ်သည်။

“ဒေသမှာရှိတဲ့ပြည်သူလုထုတွေအာလုံးကိုဥပဒေနှင့်အညီဘာမဆိုဆောင်ရွက်တတ်အောင်၊လုပ်ငန်းစနစ်တွေကိုစနစ်တကျဆောင်ရွက်တတ်အောင်၊နိုင်ငံသားတစ်ယောက်မှာဘယ်လိုအတွေးမျိုးတာဝန်ရှိပြီးဆောင်ရွက်တတ်အောင်ဒီသင်တန်းကိုဖွင်လှစ်တာပါ”ဟုဦးအောင်နိုင်ဝင်းကဆိုသည်။

သင်တန်းကိုသင်တန်းသားဦးရေ ၃၀ဦးခန့်ဖြင့် ဒေသခံလူငယ်များ၊ ဒေသမှာရှိသည့်အသင်းအဖွဲ့အစည်းကလူငယ်များကိုဥပဒေနှင့်အညီ နိုင်ငံသားအခွင့်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများသင်တန်းပေးခြင်း၊အသင်းအဖွဲ့ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်လုပ်ငန်းစနစ်ကိုသင်တန်းပေးခြင်း၊မြေယာဥပဒေနှင့်ပတ်သက်သည့်အချက်အလက်များကိုသင်တန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ သင်တန်းကို ၂၀၁၅ခုနှစ်တွင် နိုင်ငံသားကောင်း(Good Citizenship)ခေါင်းစဉ်ဖြင့် တစ်ကြိမ်ဖွင့်လှစ် ခဲ့ပြီးယခုအချိန်တွင် ပြောင်းလဲလာသောဒီမိုကရေစီအစိုးရသစ်ရဲ့ မူဝါဒလမ်းစဉ်များနှင့်အညီနိုင်ငံသားကောင်းတစ်ယောက်အတွက်ရရှိထိုက်သောအခြေအနေအခွင့်အရေးများနှင့် တာဝန်များကိုအဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း YSSရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့မှ သိရသည်။

Leave a Reply