ရေးမြို့နယ်ရှိ ကျေးရွာသုံးရွာ သင်္ကြန်မတိုင်မီ လျှပ်စစ်မီးလင်းမည်

မော်လမြိုင်၊ မတ်

မွန်ပြည်နယ် ၊ ရေးမြို့နယ်ရှိ သပြေရွာသစ်၊ နှစ်ကရင်နှင့် ကော့ဒွတ်ကျေးရွာတို့ကို လာမည့် ဧပြီလ ၉ ရက်နေ့တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း IPP(MYANMAR LIGHTING)မှ CHAIRMAN ဦစိန်ဝမ်း ကဟင်္သာမီဒီယာသို့ ပြောသည်။

“အောက်တိုဘာ ၁၅ ရက်နေ့မှာ လုပ်ငန်း စတင်ခဲ့တယ်။ တစ်နှစ်စီမံချက်နဲ့ လုပ်ခဲ့တယ်။ ဒီလာမယ့် ဧပြီ ၉ ရက်နေ့ကျရင် ကျွန်တော်တို့ လျှပ်စစ်မီးဖွင့်ပွဲ လုပ်သွားမယ်။ သုံးရွာကို ၂၄နာရီမီးလင်းအောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မီးမရရှိသေးဘဲ ကျန်ရှိနေသော ကျေးရွာများကိုလည်း နောက်နှစ်လအတွင်း ရရှိကြစေရန် အပြီးဆောင်ရွက်သွားမည်ဟု စီမံလျာထားကြောင်း ၎င်းကပြောသည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ်လျှင် ၂၈၅ကျပ် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး ယင်းအနက် ငါးကျပ်စီမှာ ပြည်နယ် အစိုးရဘတ်ဂျက်ထံ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို ဆောင်ရွက်ရန် 10.6MW (Diesel)Generator ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တစ်ရုံ၊ 66/33kv ကောင်းကင်ဓာတ်အားလိုင်းမိုင် ၅၀ ၊ 11/ 0.4kv ထပ်ဆင့် ဓာတ်အားဖြန့်ဖြူးရေးရုံခွဲ၆၀၊ 0.4 ကောင်းကင် ဓာတ်အားဖြန့်ဖြူးရေးလိုင်း ၁၀၀ မိုင်ကို ပြုလုပ်စေခဲ့ကြောင်း၊ ငွေးေကြးခန့်မှန်းတန်ဖိုး USD ၁၅ မီလီယမ် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၎င်းကထပ်မံပြောသည်။

“ကုမ္ပဏီက ဆားဗစ်ကြိုး၊ မိန်းခုံ၊ မိန်းဘရိတ်တစ်စုံအခမဲ့ အပြီး တပ်ဆင်ပေးမယ်။ မိမိအိမ်တွင်း ဝိုင်ယာသွယ်တန်းတာနဲ့ မီးပွင့် တပ်ဆင်တာတွေကိုတော့ မိမိတို့ အကုန်ကျခံရမယ်ပေါ့၊ မီးစက်ကိုတော့ သပြေရွာသစ်မှာ ထားတယ် ” ဟုနှစ်ကရင်ကျေးရွာနေ ဦးစံရကဆိုသည်။

မွန်ပြည်နယ်တွင် လျှပ်စစ်မီးမရရှိသည့် အိမ်ခြေနှစ်သိန်းကျော်ရှိကြောင်း ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးထံမှ သိရသည်။

Written by ခင်နန်းဌေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.