ရေး၊ ဧပြီ ၂၅ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ရေရှားပါးသည့်ပြဿနာများကို ယခုနှစ်တွင် စတင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း အံဒင်ကျေးရွာဒေသခံများထံမှ သိရသည်။”အရင်နှစ်တွေက ဒီလိုရေအခက်အခဲမရှိဘူး။ ဒီနှစ်မှ ရေစရှားတာပါ”ဟု အံဒင်ကျေးရွာ ရေပေးဝေနေသည့်လူငယ်အဖွဲ့ ကိုဖိုးဇော်က ပြောသည်။ကျေးရွာအတွင်း ရေအခက်အခဲဖြစ်ပေါ်နေသည့် နေအိမ်များကို ရေပေးဝေနိုင်ရေးအတွက် အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတာ် ဦးဇင်းနန္ဒမှ ဦးဆောင်ပြီး ကျေးရွာလူငယ်များတို့ကို ရေပေးဝေရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကာ
ဧပြီလ ၂၅ ရက်နေ့က ရေပေးဝေးမှု စတင်ပြုလုပ်ခဲ့သည်။ယခင်နှစ်များတွင် စိမ့်စမ်းရေနှင့် ကျေးရွာအတွင်းရှိ ရေတွင်းများတို့ကို ရေလုံလောက်စွာ အသုံးပြုနိုင်ခဲ့ပြီး ယခုနှစ်တွင် ရေများခမ်းခြောက်သွားပြီးဖြစ်သောကြောင်း ရေအခက်အခဲဖြစ်ပေါ်နေကြောင်း ကိုဖိုးဇော်က ကရှင်းပြသည်။အံဒင်ကျေးရွာဒေသခံလူငယ်အဖွဲ့မှ ရေအခက်အခဲဖြစ်ပေါ်နေသည့် အံဒင်ကျေးရွာနှင့် ရွာသစ်ဓမင်းဆိပ်တို့ကို ရေပေးဝေမှုပြုလုပ်ခဲ့သည်။ရွှေရိုး

Leave a Reply