ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS ) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း

လာမည့် ဇွန် ၇ ရက်တွင် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တစ်ရပ်ကို ကျင်းပတော့မည်ဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအကြားတွင် ဒုတိယကြိမ် ထိပ်တိုက်တွေ့ဆုံပွဲ တစ်ခုဖြစ်နေသည်။

ယခုတွေ့ဆုံမှုကို ဒေသခံပြည်သူများက ယခင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်ကအတိုင်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အပြန်အလှန် ဆွေးနွေးမှုများ၊ ထပ်ဆင့်မေးခွန်း ပြန်လည် မေးမြန်းမှုများကို မြင်တွေ့နေခြင်းကြပြီး လွှတ်တော်က ပြည်နယ်အစိုးရကို ထိန်းကြောင်းမှု ကောင်းကောင်းနှင့် ဆက်လက် ထိန်းကြောင်းရန် ဆန္ဒရှိနေကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ဝန်ကြီးချုပ်ဖြစ်လာပြီး နောက်ပိုင်းတွင် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့ကို ဝေဖန်ထောက်ပြမှု အားနည်းလာကာ အစိုးရအဖွဲ့၏ စီမံကိန်း လုပ်ငန်းများကို ထောက်ပြဝေဖန်မှု နှေးကွေးလာကြောင်း ရေးမြို့နယ် ဒေသခံ ဦးအောင်နိုင်ဝင်းက သူအမြင်ကို ပြောဆိုသည်။

“လွှတ်တော်နဲ့ အစိုးရနဲ့က ထပ်တူဖြစ်သွားတာဟာ ပြိုင်ဆိုင်မှုနည်းသွားတာဟာ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်ဖို့ အားတစ်ခုဖြစ်ပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရကို ဝေဖန်ထောက်ပြမှု နည်းသွားတာဟာ ဥပဒေပြုရေး မဏ္ဍိုပ်ရဲ့ အားနည်းချက် ဖြစ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ် အစိုးရနှင့် လွှတ်တော် အကြားတွင် မဟာမိတ်ပုံစံ ဖြစ်လာကြောင်း၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံအနေဖြင့် ယခင် လွှတ်တော် ကော်မတီ ဥက္ကဌ လုပ်စဉ်က ပုံစံမျိုးကို မတွေ့ရှိတော့ကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

“ဒေါက်တာ အေးဇံက ယခင် ဝန်ကြီးချုပ်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် အကောင်အထည် ဖော်ရမယ့် အချိန်ကျတော့ ဒီဟာအပေါ်မှာ လေသံပျောက်သွားတာက ပွင့်ပွင့်လင်းလင်း ပြောရရင် မကောင်းဘူး၊ သူကိုယ်တိုင် ကန့်ကွက်ခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် လွှတ်တော်ကို ဘာကြောင့်လဲဆိုတာ ဖြေဆေးပေးရမယ်”ဟု ၎င်းက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ ထောက်ပြမှု အားနည်းလာခြင်းကြောင့် NLD ပါတီဝင်မဟုတ်သော လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့က အစိုးရရဲ့ မူဝါဒကိုပဲ ကြည့်ပြီးတော့ ပြည်သူ့ ဆန္ဒကို ဥပက္ခာပြုတဲ့ အနေအထားမျိုးတော့ မလိုချင်ဘူး၊ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အင်းအားကောင်စေချင်တယ်”ဟု ၎င်းက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် အစိုးရဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ပြည်သူ့ကိုယ်စား ထောက်ပြထိန်းကြောင်းမှုကို မဖြစ်မနေ လုပ်ဆောင်စေခြင်းကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

Written by – ဇော်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်