မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ ငါးဖမ်းရာသီပိတ်သိမ်းကုန်ဆုံးခဲ့သော်လည်း ယခင် ၁၀ နှစ်ထက် ငါးဖမ်းဆီးရရှိမှုက ကျဆင်းလာနေကြောင်း အဘော်ကျားတန်းနေ ရေလုပ်ငန်းရှင်များမှ ပြောသည်။

ယခင်နှစ်တွေမှာ ငါးဖမ်းရာသီ၌ ရေပေါ်ငါးကုန်ကြမ်းများ ဖြစ်သော ပုစွန်၊ ငါးမုတ်၊ ငါးနှပ်၊ ငါးသလောက် ငါးများ ဖမ်းဆီးရရှိသော်လည်း ယခုနှစ်များတွင် ငါးသယံဇတရှားပါးမှု၊ ကျွမ်းကျင်ရေလုပ်သားရှားပါးမှု၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ငါးကုန်ကြမ်းအဝင် ကျဆင်းလာသည်ဟု အဘော်ကျားတန်း ရေလုပ်ငန်းရှင် ဦးကျင်သောင်းက  ပြောသည် ။

အဘော်ကျားတန်း အစင် ဇီးဖြူသောင် ဓမင်းဆိပ် နှစ်ကရင်  နှစ်ကရုပ် အံဒင်ငါးမျှားစခန်း  ကဗျာဝကျေးရွာများသည် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး ယင်းရေလုပ်ငန်းအတွက် အနည်းဆုံး ကျပ်သိန်း ၃,၀၀၀ မှ သိန်း ၅,၀၀၀ ကျပ်အထိရင်းနှီးမြှုပ်ထားကြသော်လည်း ငါးကုန်ကြမ်းရှားပါးမှုကြောင့် အလုပ်သမားစရိတ်မျှသာ ရရှိကြောင်းအဆိုပါရေလုပ်ငန်းရှင်များက ပြောသည်။

ရေးမြို့နယ်အတွင်း၌ ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကမ်းဝေးငါးဖမ်းလှေ ၂၀၂ စီး၊ ကမ်းနီးငါးဖမ်းလှေ ၃၇၂ စီး ဖမ်းဆီးခွင့်ပြုထားပြီး တရားဝင်ပင်လယ်ရေလုပ်သားမှာ ၄,၃၇၂ ဦး လုပ်ကိုင်ခဲ့ကြပြီး ကမ်းခြေမှ ရေမိုင် ၁၀မိုင်အပြင်ဘက်တွင် စီးပွားရေး ဇုန်ကမ်းဝေးငါးဖမ်းဧရိယာသတ်မှတ်ထားကြောင်းသိရသည်။

Written by – နေနေ  (ရေး)

Leave a Reply