မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီးရေး-ထားဝယ်ကားလမ်းပေါ်ရှိမလွှဲတောင်ထိပ် မိုင်တိုင် (၁၁၃/၁၁၅) အကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ပတ်အတွင်းတောင်နံရံရှိမြေသားများလမ်းပေါ်သို့ ပြိုကျမှု ငါးကြိမ် ဖြစ်ပွားခဲ့ကြောင်းမွန်ပြည်နယ်လမ်းဦးစီးဌာနထံမှ သိရသည်။

ma hlwae taung

ရေး-ထားဝယ်ကားလမ်းမလွှဲတောင်ထိပ် မိုင်တိုင် (၁၁၃/၁၁၅) အကြားတွင် သြဂုတ်လ ၁၁ ရက်နေ့ကမြေပြိုကျမှု စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ထိငါးကြိမ် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းမလွှဲတောင်တာဝန်ခံဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ဝင်းကပြောကြားသည်။

မလွှဲတောင်လမ်းကို ပြီးခဲ့သည့်နှစ်ကတိုးချဲ့ရာတွင် မူလရှိသည့်မြေကြီးကိုအသစ်တိုးချဲ့ ဖော်ဆောင်ထားသောနေရာများရှိမြေသားအသစ်များတွင် သစ်ပင်များမပေါက်သေး၍ မိုးရေများစိမ့်ဝင်ကာမြေကြီးများမတည်ငြိမ်ဘဲ ပြိုကျခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ပြိုကျစဉ်တွင် ယင်းနေရာရှိတာဝန်ခံအင်ဂျင်နီယာနှင့် လမ်းလုပ်သားများကရှင်းလင်းဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ဆင်ခြင်းကိုမူပွင့်လင်းရာသီရောက်ရှိပါကလုပ်ဆောင်မည်ဖြစ်ကြောင်းဦးဇော်ဝင်းကထပ်လောင်းပြောဆိုသည်။

မလွှဲတောင်နေရာရှိကားလမ်းပေါ်သို့ မြေပြိုကျမှုဖြစ်လာပါကယာဉ်များအချိန်ကြာမြင့်စွာလမ်းပိတ်ဆို့မှု မဖြစ်စေရန် မလွှဲတောင် ရှင်းလင်းဆောင် တွင် မလွှဲတောင်တာဝန်ခံအင်ဂျင်နီယာတစ်ယောက် SAE ဦးစိုးနိုင်၊ အလုပ်သမားအယောက် ၅ဝ နှင့် မြေကော်စက်နှစ်လုံးတို့ကို ၂၄ နာရီစခန်းချထားရှိထားကြောင်းမွန်ပြည်နယ်လမ်းဦးစီးဌာနထံမှ သိရသည်။

Leave a Reply