မော်လမြိုင်၊ မေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသည့် ဒူးရင်းသီးများ ယခင်နှစ်ကထက် အရောင်းသွက်လျက်ရှိကြောင်း မော်လမြိုင် သစ်သီးအရောင်းဆိုင်များထံမှ သိရသည်။

အဆိုပါ ဒေသတွင် ပြီးခဲ့သည့်နှစ်က ဒူးရင်းသီး အထွက်နည်းပြီး ဈေးကြီးသည့်အတွက် ဝယ်သူနည်းခဲ့သော်လည်း ယခုနှစ်တွင်မူ အထွက်များ၍ ဈေးနှုန်းသက်သာသောကြောင့် အရောင်းအဝယ် ကောင်းလာကြောင်း မော်လမြိုင်ဈေးကြီးမှ သစ်သီးဆိုင်ရှင် ဒေါ်မီးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

 “ဒီနှစ်က ဈေးပေါတယ် အရင်နှစ်က ဒူးရင်းသီးအထွက်နည်းတော့ ဈေးကြီးတယ် လေး ငါးရာ ကျပ်လောက်ကွာတယ်”ဟု ဒေါ်မီးက ပြောသည်။

ရေးြမို့နယ်မှထွက်သည့် ဒူးရင်းသီးများသည် အစေ့ကြီးသော်လည်း အရသာချိုသည့်အတွက်ကြောင့် စာသုံးသူများ ကြိုက်နှစ်သက်ကြကြောင်း ၎င်းက ပြောဆိုသည်။

 “ရေးဘက်ကထွက်တဲ့ ဒူးရင်းသီးပဲ ဝယ်စားဖြစ်တာများတယ်၊ ကိုင်းဆက်သီးက အရသာပေါ့လို့သိပ်မကြိုက်ဘူး’”ဟု မော်လမြိုင်မြို့နေ မနွန်ဟံသာက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ် ဒူးရင်းသီး တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ ယိုးဒယား ကိုင်းဆက်ဒူးရင်းသီး တစ်လုံးလျှင် ၁၀၀၀၀ ကျပ်နှင့် ခြံထွက်ကိုင်းဆက် ဒူးရင်းသီးတစ်လုံးလျှင် ၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိသည်။

Written by ဂေထော

Leave a Reply