မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တေးသံရှင် ရဲလေးက တေးသီချင်းခွေအသစ် မိတ်ဆက်ခြင်းကို လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း တေးသံရှင် ရဲလေးက ပြောကြားသည်။

timthumb-php-copy

တေးသံရှင် ရဲလေးက “အောင်မြင်မှုခရီးစဉ်”ဟု အမည်ပေးထားသည့် တေးစီးရီးအခွေသစ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မော်လမြိုင်မြို့၊ Ocean စင်တာ၌ အမှတ်တရလက်မှတ်ထိုး မိတ်ဆက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မော်လမြိုင်မှာလုပ်တာ ဒါပထမဆုံးပါပဲ။ မော်လမြိုင် Ocean မှာ ကျွန်တော်တို့ တွေ့ကြမယ်နော် ပြီးရင် ကျွန်တော် ဂိမ်းတွေဆော့ဖို့လည်း စီစဉ်ထားပါတယ်။ ပျော်စရာဖြစ်မှာပါ။ ကျွန်တော့်ကိုချစ်သော ပရိသတ်ကြီးအားလုံး လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ၎င်းကဆိုသည်။
ထိုု့ပြင် R & B သီချင်းများဖြင့် မိန်းကလေး ပရိသတ်အခိုင်အမာ ရရှိထားသော တေးသံရှင် ရဲလေးက အချစ်ရေးမှာ အေးဆေးတည်ငြိမ်နေပြီး ဂီတနှင့်ရုပ်ရှင်ဘက်ကိုသာ အာရုံစိုက်ကြိုးစားနေကြောင်း ၎င်းက ပြောကြားသည်။

“လူတစ်ယောက်ကို ချစ်လိုက်မိပြီး ပြိုကွဲသွားရင် နေရင်းထိုင်ရင်း အဲ့ဒီလူနဲ့ ဆက်ဆံရေးကြီး ပြိုကွဲသွားတာမျိုးကို ကျွန်တော် မကြိုက်တော့ဘူး။
ပြောချင်တာကဗျာ။ နောက်ပိုင်း ချစ်သူ မထားချင်တော့ဘူး။ ခေါင်းထဲမှာလည်း မရှိဘူး”ဟု ရဲလေးက ဆက်လက်ပြောကြားသည်။

တေးသံရှင်ရဲလေး၏ “အောင်မြင်ခြင်းခရီးစဉ်” တေးစီးရီးသစ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် Bo Bo Entertainment က မြန်မာပြည်တစ်ပြည်လုံးကို ဖြန့်ချိသွားမည်ဖြစ်ပြီး တေးသီချင်း ၁၃ ပုဒ်ပါဝင်သည်ဟု သိရှိရသည်။

အဆိုပါ တေးစီးရီးသစ်တွင် ဟစ်ဟော့၊ R & B အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး မြန်မာ Idol မှ အဆိုရှင်များဖြစ်ကြသည့် Rio နှင့် နင်ဇီမေတို့က ပါဝင်အားဖြည့် သီဆိုထားကြောင်း သိရှိရသည်။

Written by – အောင်ကျော်ထွန်း

Leave a Reply