ရွက်သင်္ဘော ဖြင့် ကမ္ဘာလှည့် သောခရီးသည်များ (ဓါတ်ပုံ – ဘက်တီဟန်)

မော်လမြိုင် မတ်လ ၁၂ ။ ။ ရေကြောင်းခရီးဖြင့် ကမ္ဘာလှည့်သော နယ်သာလန်၊ နယူးဇီလန်၊ အမေရိကန်နှင့် ဗြိတိန်နို်င်ငံတို့မှ ခရီးသည် ၁၁ဦး ပါဝင်သည့် စက်တပ် ရွက်သင်္ဘော သည် မတ်လ ၁၁၊ ညနေ ၆နာရီအချိန်တွင် မော်လမြိုင်မြို့ ထားဝယ် တံတား ဆိပ်ကမ်းတွင် ကမ်းကပ်ခဲ့ကြောင်း ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ကြည်မွန်မှ ပြောကြားသည်။

ရွက်သင်္ဘော ဖြင့် ကမ္ဘာလှည့် သောခရီးသည်များ (ဓါတ်ပုံ – ဘက်တီဟန်)
ရွက်သင်္ဘော ဖြင့် ကမ္ဘာလှည့် သောခရီးသည်များ (ဓါတ်ပုံ – ဘက်တီဟန်)
အဆိုပါခရီးသည်များပါဝင်သော ရွက်သင်္ဘောသည် ထိုင်းနိုင်ငံသို့ အလည် လာခြင်း ဖြစ်ပြီး ကော့သောင်း ၊ မြိတ် ဘက်မှတဆင့် မော်လမြိုင်တွင် လာရောက်ဆိုက်ကပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“မော်လမြိုင်ဘက် ကမ်းလာကပ်တာကတော့ ပထမဦးဆုံးအကြိမ်ပါပဲ။ ပါလာတဲ့ ခရီးသည်တွေက ရန်ကုန် ကိုတိုက်ရိုက်ပြန်မယ်၊ မော်လမြိုင်မှာစောင့်နေတဲ့သူတွေက ၁၂ရက်နေ့ မြိတ်ကို ပြန်ထွက် မယ်၊ ပြန်တက် မယ့်ခရီးသည်တွေက မော်လမြိုင်မြို့အနီးနားကို တစ်ရက်လည်ပတ်ပြီး မနက်ဖြန်ကျ ပြန်ထွက်မှာပါ”ဟု ဒင်းနစ်အမည်ရ ရွက်သင်္ဘော၏ တာဝန်ခံ ဧည့်လမ်းညွှန် ကိုအောင်ကျော်ကျော်က ပြောသည်။

အဆိုပါ သင်္ဘောသည် ထိုင်းနိုင်ငံ မှ မတ်လ ၁ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး မတ်လ ၁၀ ရက်နေ့တွင် မော်လမြိုင်မြို့ ၌ ဆိုက်ရောက်ရမည်ဖြစ်သော်လည်း ရေလမ်းကြောင်း အခြေအနေကြောင့် မတ်လ ၁၁ ရက်နေ့မှသာ ဆိုက်ကပ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံမှ လိုက်ပါလာသော နိုင်ငံခြားခရီးသွားအဖွဲ့ကို မော်လမြိုင်မြို့မှတစ်ဆင့်ရန်ကုန်သို့ အသီးသီး ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်မှတစ်ဆင့် မြိတ်၊ ကော့သောင်းဘက်သို့ လိုက်ပါမည့် နိုင်ငံခြား ခရီးသည်အဖွဲ့သည် မတ်လ ၁၂ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သင်္ဘောကပ္ပတိန် ဖိလစ်ပိုင်နိုင်ငံသား အန်တိုနီယိုက ပြောသည်။

“ကျွန်တော်တို့က နိုင်ငံတကာက အလှအပ ရှုခင်းတွေကို အပန်းဖြေခံစားဖို့ ခရီးထွက်လာကြတာပါ။ ကျွန်တော်တို့အဖွဲ့မှာ နိုင်ငံတကာက ခရီးသည် ၁၀ဦး၊ ကျွန်တော်အပါအဝင် ၁၁ဦး ပါပါတယ်။ ကျနော်တို့ ခရီးစဉ်ကို လွန်ခဲ့တဲ့တစ်ပတ်က ထိုင်းနိုင်ငံမှ စတင်ခဲ့တာပါ၊ ဒီနေ့ပဲ ချက်ချင်း ကျွန်တော်တို့ အဖွဲ့ ရန်ကုန်ကို ထွက်ခွာပါမယ် ” ဟု ဟော်လန်နိုင်ငံသား အက်ပ် (Ep)ကပြောသည်။

ထိုခရီးစဉ်တွင် နိုင်ငံခြားသား ခရီးသည် စုစုပေါင်း ၁၁ ယောက်လိုက်ပါ လာပြီး မော်လမြိုင် မြို့မှတစ်ဆင့် ရန်ကုန်သို့ မော်တော်ယာဉ် ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Leave a Reply