ရွာလွတ်မှ လက်မှုပညာရှင် ဦးမန်းငွေဝင်း စက်မှုလက်မှုဂုဏ်ထူးဆောင်ဆုရရှိ

ချောင်းဆုံ ၊ မတ် ၂၈

ချောင်းဆုံမြို့နယ်၊ရွာလွတ်ကျေးရွာ ၊ရပ်ကွက်(၇)သိမ်ပိုင်း ၊ အမှတ်(၁၈)နေ ဦးမန်းငွေဝင်း ၅၅၅ ဆေးတံ၊ တုတ်ကောက်နှင့်သစ်သားအချောထည်လုပ်ငန်းမှာ နိုင်ငံတော်နှင့် မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလက်မှုကဏ္ဍတွင်ထူးချွန်စွာဆောင်ရွက်ခဲ့သည့်အတွက်ပြည်နယ်အစိုးရကမတ် ၁၉ ရက်နေ့တွင် စက်မှုလက်မှုဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

“ဆေးတံနဲ့သစ်သားအချောထည်လုပ်ငန်းကို ဒေသမှာလုပ်ကိုင်တဲ့လူမရှိသလောက်ဖြစ်လာတယ် ။အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းအဆင့်သာဖြစ်တဲ့အတွက် စီးပွားဖြစ်တော့မဟုတ်ဘူး ။မိသားစုအရေးကိစ္စအားလုံးကို ဒီလုပ်ငန်းနဲ့ဖြေရှင်းနေရပါတယ်”ဟုဦးမန်းငွေဝင်းက ပြောသည်။

ရွာလွတ်ဆေးတံရုပ်တုအဝိုင်းကိုလည်းကိုယ်တိုင်လုပ်ကိုင်ခဲ့ပြီး ယခုတဖန်ဒသဂီရိဆေးတံရုပ် တုပြုလုပ်ရန်အတွက်လိုအပ်သောသစ်သားကုန်ကြမ်းများရှာဖွေစုဆောင်းလျက်ရှိကြောင်း ၎င်းကပြောသည်။

“ခေတ်အခါအရ ဆေးတံသောက်သုံးသူလည်းနည်းလာတယ်။ ဒေသကို အလည်ရောက်လာတဲ့ခရီးသွားတွေက ဆေးတံနဲ့တုတ်ကောက်ကို အမြတ်တနိုးဝယ်ယူနေကြတာတော့ရှိတယ် ဟုဦးမန်းငွေဝင်းကဆိုသည်။

ဦးမန်းငွေဝင်းအား မွန်ပြည်နယ်အစိုးရအဖွဲ့က စက်မှုလက်မှုဂုဏ်ထူးဆောင်ဆု လက်မှတ်နှင့်အတူငွေသား ကျပ်သုံးသိန်းကိုလည်းဆုကြေးငွေအဖြစ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်