ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာဒေသခံတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့်မွန်ပြည်သစ်ပါတီတပ်သားတစ်ဦးကိုဥပဒေအရအရေးယူနိုင်ရေးအစိုးရထံလွှဲပြောင်းပေးရန် မွန်ပြည်သစ်
ပါတီထံအကြောင်းကြားထားသော်လည်းလွှဲပြောင်းပေးမည်မဟုတ်ကြောင်းမွန်ပြည်သစ်ပါတီဗဟိုကော်မတီ
ဝင် နိုင်ဝင်းလှကဟင်္သာမီဒီယာသို့ပြောကြားသည်။

logo-copy

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးမွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်သစ်ပါတီထံဇူလိုင် ၁၅ ရက်နေ့၊ဇူလိုင် ၂၂ ရက်နေ့တို့က နှစ်ကြိမ် တိ်ုင်တိုင် စာပို့အကြောင်းကြားထားကြောင်း ၎င်းက ပြောကြားသည်။

“ဒီဖြစ်စဉ်ကရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ်ဘူး၊ မူးယစ်ဆေးဝါးသုံးတာကိုဖမ်းဖို့အတွက် ခြောက်ပြီးပစ်တာထိသွားတယ်၊ တစ်ဖက်ကတုံ့ပြန်မှုမရှိတဲ့ အတွက် ကျွန်တော်တို့ဘက်ကလွန်တယ်”ဟုမွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှကပြောဆိုသည်။

ရွာသားအားပစ်သတ်ခဲ့သည့်မွန်ပြည်သစ်ပါတီဝင်များကိုပါတီစည်းမျဉ်းစည်းကမ်းအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောကြားသည်။
“တပ်မတော်ဘက်ကတောင်းဆိုမှုတွေအများကြီးလုပ်ခဲ့ဖူးတယ်ထားဝယ်ခရိုင်မှာဓားပြအဖွဲ့လက်နက်ချတုန်းကလည်းလူတွေရောလက်နက်ပါတောင်းခဲ့တယ်၊ကျွန်တော်တို့မပေးခဲ့ဖူးဘူး၊ကျွန်တော်တို့မှာပေးဖူးတဲ့အစဉ်အလာမရှိဘူး”ဟုနိုင်ဝင်းလှကပြောဆိုသည်။

ဇူလိုင်၁၄ရက်နေ့ညနေ၃နာရီအချိန်တွင်မွန်ပြည်သစ်ပါတီ၏သထုံခရိုင်မူးယစ်နှိမ့်နင်းရေးအထူးအဖွဲ့ဝင်များသည်ကန်းနီကျေးရွာသားခြောက်ဦးကိုဖမ်းဆီးခေါ်ဆောင်သွား၍တစ်ဦးအားသေနတ်ဖြင့်ပစ်သတ်ခဲ့
ခြင်းဖြစ်ကြောင်းမွန်ပြည်သစ်ပါတီထံမှသိရသည်။

ထို့ပြင် အသက်ရှင်ကျန်ရှိသည့် ရွာသား ၅ဦးကိုမူ ဇူလိုင်လ ၁၅ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့ကြောင်း
မွန်ပြည်သစ်ပါတီထံမှသိသည်။

မွန်ပြည်သစ်ပါတီကမွန်ပြည်နယ်အစိုးရအဖွဲ့ကိုဇူလိုင်၂၅ရက်စွဲဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့်ပါတီဝင်များကိုပါတီအနေဖြင့်ပါတီစည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဆောင်ရန်အကြောင်းကြားထားပြီး၊အဆိုပါကိစ္စကိုလက်မခံနိုင်ကြောင်းမွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကပြောသည်။

“ဒီကိစ္စကိုဖြေရှင်းဖို့အတွက်တခြားနည်းလမ်းတွေလုပ်ဖို့ရှိတယ်၊ကျွန်တော်တို့လုပ်နိုင်တဲ့ဘက်ကအကုန်လုပ်သွားမယ်၊လောလောဆယ်မှာမွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌကိုပြောထားတယ်”ဟု၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီးကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/ ၃၆၄/ ၁၁၄ အရအမှုဖွင့်အရေးယူထားပြီးတရားခံများဖမ်းဆီးနိုင်ရန် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်းကျုံဒိုးရဲစခန်းမှ သိရသည်။

Leave a Reply