မီးစက် ၊ နိုက်ထရိုဂျင် လေအိုး ၊ တာယာ များ၊ မော်တော်ကား လေထိုးကျွတ်ဖာရာ တွင် အသုံးပြု သောပစ္စည်း တန်ဆာဗလာ များကို သံချေးရောင်ပြပြထင် နေသော အပြာရောင် ပါပလစ်ကာ ကားပေါ် တင်၍ ဦးဇော်မျိုးဝင်း တစ်ယောက် မော်လမြိုင်မြို့တွင်း ရွေ့လျား မောင်းနှင်နေသည်။

19 IMG_1874 copy

ယင်းပါပလစ်ကာ ကား၏ ဘေးနှစ်ဖက်တွင်ကား ၎င်း၏ ဖုန်းနံပါတ် နှင့် လေထိုးကျွတ်ဖာ ဟုရေးသား ထားသည်။

သူသည် ဆိုင်နေရာ ထိုင်ခင်း နှင့် အခြေတကျ လုပ်ကိုင်ရသော လေထိုး- ကျွတ်ဖာ လုပ်ငန်း ကို ပါပလစ်ကာ ကား တစ်စီး နှင့် ရွေ့လျား လုပ်ကိုင်ရသော စနစ်သို့ ပြောင်းလဲ လုပ်ကိုင်နေခြင်း ဖြစ်သည်။

မော်တော်ယာဉ် နှင့် မော်တော် ဆိုင်ကယ် များဘီးပေါက်ပါ က ရောက်သည် နေရာတွင် ရပ်ထားရုံ နှင့် ဦးဇော်မျိုးဝင်း က နေရာဒေသအရောက် သွာရောက် ဘီးဖာ ပေးခြင်းဖြစ်သည်။

“ကျွန်တော့်ကို ဖုန်းဆက်လိုက် တာ နဲ့ဘယ်နေရာဖြစ်ဖြစ် ကျွန်တော် ဘီးလာဖာပေးမယ်” ဟု ဦးဇော်မျိုးဝင်းကဆိုသည်။

ဦးဇော်မျိုးဝင်း ၏ ဝန်ဆောင်မှု ကို မော်လမြိုင် မော်တော်ယာဉ်မောင်း များ စတင်အသုံးပြုလာ ပြီ ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးအနီးရှိ ဆိုင်ကယ် Taxi မောင်းသူ ဦးသိန်းစိုးက ပြောသည်။

ဦးဇော်မျိုးဝင်းသည် ရွေ့လျားလေထိုးကျွတ်ဖာလုပ်ငန်း မလုပ်ကိုင်မီ ဆိုင်ခန်းငှားရမ်း၍ လေထိုးကျွတ်ဖာမှုများ ပြုလုပ်ခဲ့ရာမှ မြေပိုင်ရှင်များက မကြာခဏ မြေနေရာဖယ်ရှားခိုင်းလာသဖြင့် ရွေ့လျားလေထိုးကျွတ်ဖာပုံစံသို့ ပြောင်းလဲလာခဲ့ခြင်းလည်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

မော်လမြိုင် မြို့ရှိ မြေဈေးနှုန်း ကြီးမြင့် လာခြင်းကြောင့် ဆိုင်ခန်းအတွက် မြေနေရာ ငှားရမ်းခ ဈေးမြင့်တက်လာ ခြင်း ကြောင့် လည်း ဖြစ်သည်။

“နေရာဒေသ သတ်မှတ်ချက် မရှိပါဘူး။ ဖုန်းဆက်တဲ့နေရာကို သွားရောက်ပြီး လုပ်ဆောင်ပေးပါ တယ်” ဟုဦးဇော်မျိုးဝင်း က ပြောသည်။

ရွေ့လျား လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ဆောင်ရန် လိုအပ်သော စက်ပစ္စည်းများအတွက် ငွေအရင်းအနှီးသိန်း ၂၀ နီးပါးလောက် ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်း ကဆိုသည်။

ဦးဇော်မျိုုးဝင်း ၏ ရွေ့လျားလေထိုး-ကျွတ်ဖာ ဝန်ဆောင်မှုကို အသုံးပြုမည် ဆိုပါက ကုန်တင် မော်တော်ယာဉ်များ ၏ ဘီးတစ်လုံး လျှင် ၃၅၀ဝ ကျပ် ကျသင့် မည် ဖြစ်ပြီး လယ်ထွန်စက်များ တွင်သုံးသော ဝီဒိုလာ ဘီးကြီးဆိုလျှင် ၃၅၀ဝ၀ ကျပ်ယူကြောင်း ၎င်းကပြောသည်။

ဆိုင်ကယ် တစ်စီးလျှင် ၅၀ဝ ကျသင့်ကြောင်း ဦးဇော်မျိုးဝင်း က ထပ်လောင်း ပြောကြားသည်။

မော်လမြိုင် မြို့တွင်း လေထိုး -ကျွတ်ဖာ ဝန်ဆောင်မှု ယူသူများ အနေနှင့် အခြား ဝန်ဆောင်စရိတ် ပေးစရာ မလို သော်လည်း အခြား မြို့ များ က ဘီးဖာ – တာယာ လဲလှယ် လို သူများ အနေနှင့်မူ အသွား အပြန် ဆီဖိုးပေးရမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ မွန်ပြည်နယ် နဲ့ နီးတဲ့ ဘယ် မြို့က ခေါ်ခေါ် သွား ပါတယ်။အသွားအပြန် ဆီဖိုးတော့ ပေးရမယ်” ဟု ၎င်း ကဆိုသည်။

မော်တော်ဆိုင် ကယ်များ ကို မောလမြိုင် မြို့တွင်းသာ လေထိုးကျွတ်ဖာပေး ကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

လတ်တလောတွင် တွင် ကုန်တင်ယာဉ်ကြီးများ ကို အများ ဆုံးဝန်ဆောင် ပေးရပြီး ကြာဆင်းဆိပ်ကြီး မြို့ထိ သွားရောက် ကာဝန်ဆောင်မှု ပေးဖူးကြောင်း ၎င်း ကဆိုသည်။

ယင်းရွေ့လျား လေထိုး- ကျွတ်ဖာ ဝန်ဆောင်မှု အသုံးပြုလို ပါက ဝ၉၇၇၀ဝ၀၉၄၃၀ ဆက်သွယ် နိုင်သည်။

ဦးဇော်မျိုးဝင်းသည် လေထိုးကျွတ်ဖာ လုပ်ငန်းအပြင် အလှူအိမ်များ၊ ဘုန်းကြီးကျောင်းများတွင်လည်း အခကြေးငွေဖြင့် ထမင်းဟင်းချက်ပြုတ်သည့် လုပ်ငန်း လုပ်ကိုင် သူ တစ်ဦးလည်း ဖြစ်သည်။

အဆိုပါ လုပ်ငန်း သည် ဦးဇော်မျိုးဝင်း အတွက် အခြား အသုံးပြုရသော ပစ္စည်း စရိတ်များ ဖယ်ပြီး လျှင် တစ်လ လျှင် နှစ်သိန်းနီးပါး ဝင်ငွေ ရှိကြောင်း ၎င်း ကထပ်လောင်း ပြောဆိုသည်။

“လေထိုးကျွတ်ဖာလုပ်ငန်းက ပုံမှန်ဝင်ငွေတော့မရပါဘူး၊ အလုပ်ကျရင် ခြောက်သောင်း ခုနှစ်သောင်းထိ ရပါတယ်၊ ဈေးဦးမပေါက်တဲ့ရက်လည်း ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Leave a Reply