Advertisements

ဘားအံ ၊မတ် ၆ ။ ။ ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ အတွင်းကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲမှ ရသော ဒီမိုကရေစီအလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ဘားအံမြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ကရင်ပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ဘားအံမြို့တွင် မတ်လ ၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော အားသာချက်၊အားနည်းချက်များနှင့် အတွေ့အကြုံများကို ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီနှင့်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။
IMG_0807
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အေးအေးချမ်းချမ်းနဲ့ပြီးသွားပေမယ့် အားနည်းချက်တွေ အများကြီးရှိခဲ့တာကို တွေ့ခဲ့ရတယ် ၊အခုပွဲမှာ ဒါတွေကိုထောက်ပြပြီးတော့ ရှေ့ဆက်ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ အားလုံးညှိနှိုင်းအဖြေရှာခဲ့ကြတယ်” ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ရှင်းပြသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များကိုလည်း ဆွေးနွေးခဲ့ပြီး တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင် များကို သက်ဆိုင်ရာရပ်ကျေး ကော်မရှင်ရုံး များတွင် ပြည်သူများနှင့်အတူတူ မဲပေးနိုင်ရန်ကြိုးစားသင့်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

Advertisements
data-language="en"

Written by – ဖိုးဝ

Leave a Reply