Advertisements

ဟာလီမာယာကော့ကို စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ခန့်အပ်ခဲ့ရာတွင် ရွေးကောက်ပွဲမလုပ်ဘဲ ရွေးချယ်ခန့်အပ်ခဲ့ခြင်းကြောင်း ဝေဖန်မှုများပေါ်ပေါက်နေသည်။

အာဏာပိုင်များက ၎င်းနှင့် ယှဉ်ပြိုင်ကြသော ပြိုင်ဘက်များမှာ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှု မရှိဟု ဆုံးဖြတ်လိုက်သောကြောင့် မလေးမွတ်ဆလင်လူနည်းစု လွှတ်တော်ဥက္ကဟောင်း ဟာလီမာယာကော့သည် ရွေးကောက်ပွဲဝင်ပြိုင်စရာမလိုဘဲ သမ္မတဖြစ်လာခဲ့သည်။

ပါတီတစ်ခုတည်းက နှစ်ရှည်လများ အုပ်ချုပ်လာခဲ့သော စင်ကာပူနိုင်ငံတွင် အခြားသော သမ္မတလောင်းများကို သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ရွေးကောက်ပွဲကို ဖျက်ပစ်ခြင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

မလေးလူနည်းစုအတွက် သမ္မတနေရာကို သတ်မှတ်ထားခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ပထမဆုံးအကြိမ်ဖြစ်နေသကဲ့သို့ ဝေဖန်မှုများပေါ်ပေါက်နေပြီး ရွေးကောက်ပွဲမလုပ်ဘဲ သမ္မတခန့်လိုက်ခြင်းကြောင့်လည်း မကျေနပ်မှုများ ပေါ်ပေါက်နေသည်။

ဟာလီမာမှာ အာဏာရပါတီဖြစ်သော PAP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် နှစ်ပေါင်းနှစ်ဆယ်နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတအရွေးခံရန် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

‘ကျွန်မက လူတိုင်းအတွက် သမ္မတပါပဲ။ ရွေးကောက်ပွဲ မရှိခဲ့ပေမယ့် ပြည်သူ့အကျိုးကို ထမ်းဆောင်မယ်ဆိုတဲ့ ကျွန်မရဲ့ သိန္နိဋ္ဌာန်ကတော့ အရင်အတိုင်းပါပဲ’ ဟု သူမက ပြောသည်။

လူပေါင်း ငါးသန်းခွဲရှိပြီး တရုတ်လူမျိုး အများစုနေထိုင်သော စင်ကာပူနိုင်ငံတွင် မလေးလူမျိုးများ နေရာရရေးအတွက် မလေးလူမျိုး သမ္မတလောင်းများကိုသာ ခွင့်ပြုရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Source: The Guardian

Advertisements
<

Leave a Reply