Advertisements

ပေါင် ဧပြီ

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ တောင်ပေါ်ရှိ တိဿကုမာရရသေ့ကြီး တည်ထားကိုးကွယ်ခဲ့သော ဆံကေသမဟာဓာတုဝင် ရွှေဇင်းကျိုက်ဆံတော်ရှင်စေတီတော် မြတ်ကြီး ကမ္ဗည်းမော်ကွန်းစာ ဖွင့်လှစ်ခြင်းနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ဧပြီ ၁၉ ရက် နံနက်ပိုင်းက ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

Advertisements
data-language="en"

အခမ်းအနားကို နမောတဿသုံးကြိမ်ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်မဂ္ဂမဟာမဏ္ဍိတ အဂ္ဂမဟာဇောတိကဓဇ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာ ဘဒ္ဒန္တကုမာရ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း နှင့် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသဇ္ဈာယ် ချီးမြှင့်တော်မူသည်။

စိန်ဖူးတော်တင်လှူခြင်းနှင်အတူ တောင်ထိပ် ဝိဇ္ဇာညီနောင်ရင်ပြင်နှင့် ကားရပ်နားရာ ရင်ပြင်တိုးချဲ့ခြင်း၊ တောင်တက်ကားလမ်းတိုးချဲ့လှူဒါန်းခြင်း၊ တည်းခိုဆောင် တည်ဆောက်လှူဒါန်းခြင်း၊ လုံးတော်ပြည့်ရွှေရောင်စတီး သင်္ကန်းကပ်လှူခြင်း တို့ပါပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းခြင်း မင်္ဂလာမော်ကွန်းကမ္ဗည်း ကျောက်စာကို နိုင်ငံတော်သြဝါဒစရိယ မဟာသဒ္ဓမ္မဇောတိက ဓဇရွှေဒင်္ဂါးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်၊ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဆရာတော်၊ ဒုတိယကျိုက်ထီးဆောင်း ဆရာတော်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဒေါက်တာ ခင်ရွှေတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကြပြီး၊ အခမ်းအနားမှူး ဦးစံသင်းလှိုင်က ထုတိသြဘာဂါထာတော်များဖြင့်လည်းကောင်း၊ တေးသံရှင် မေခလာနှင့် စိမ့်နေခြည်တို့က ဗုဒ္ဓဂုဏပူဇာမင်္ဂလာ ရတုပိုဒ်စုံဖြင့်လည်းကောင်း၊ နိုင်ငံကျော်တေးသံရှင် မြန်မာပြည် သိန်းတန်က ရတနာပုံသီချင်းဖြင့်လည်းကောင်း သီဆိုပူဇော်ခဲ့ကြသည်။

ယင်းနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ ဓာတ်လှေခါးဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင် တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူ ပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာငွေမိုးများ ရွာသွန်းဖြိုးကြပြီး၊ ဆရာတော်ကြီးများက စေတီတော်ကြီးအား ဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက် သွန်းတော်မူခဲ့ကြကြောင်း သိရသည်။

ခင်မောင်ဝေ(ပေါင်)

ဓာတ်ပုံ = မောင်ဟိန်း

Leave a Reply