ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွား လာပြီးနောက် လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်သည် မြန်မာနိုင်ငံ၏ မေးခွန်းထုတ်ခြင်း အခံရဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။

editor copy

မြန်မာ နိုင်ငံတွင်းသို့ တရားမဝင် ဖြတ်သန်း ဝင်ရောက် လာကြသူများ ၊ တရားမဝင် နေထိုင်ကြသူ များအား စိစစ်ရေး အလို့ငှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန၏ တာဝန် ဝတ္တရားများ ဖြစ်သည့် အားလျော်စွာ ထိုစည်း မလုံမှုကြောင့် အိမ်နီးချင်း နိုင်ငံများမှ နေ၍ မြန်မာ နိုင်ငံတွင်းသို့ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်ကာ ၊ တရားမဝင် နေထိုင် ကြသည့် ဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့သည်။

တံခါးမှူး စည်းစောင့်ခြင်းနှင့် စည်းမကျိုးမပေါက်အောင် ကာကွယ်ခြင်းသည် တိုင်းပြည်၏ အသက်ပင် ဖြစ်သည်။ တိုးတက်လာသော လူနေမှုစနစ် ၊ တိုးတက် လာသော နည်းပညာများ ၊ ဖွံ့ဖြိုးလာသော စီးပွားရေး ကဏ္ဍ များကြောင့် နိုင်ငံ အချင်းချင်းကြား ကူးလူး ဆက်နွယ် ယှက်သွယ် မှုများနှင့် လုပ်သား အင်အား စီးဆင်းခြင်း ကိစ္စရပ် သည်ကား အစဉ် အမြဲ ဖြစ်ပေါ် နေမည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။

သို့သော်လည်း ထိုဖြစ်စဉ်များသည် နိုင်ငံများ၌ သတ်မှတ် ပြဋ္ဌာန်း ကျင့်သုံး နေသည့် ဥပဒေ ၊ နည်းဥပဒေများ အတိုင်းသာ စီးဆင်း ဖြတ်သန်း ရမည် ဖြစ်ကာ ၊ ဘောင်လွတ် စည်းကျော် ဖြစ်နေသည့် ကိစ္စရပ်များကို စိစစ် ကိုင်တွယ်ရန်မှာ ရွှေတံခါးမှူးများ တာဝန် အပြည့် ရှိပေသည်။

နိုင်ငံ၏ နယ်စပ် နယ်နိမိတ် များမှ နေ၍ တရား မဝင် ဝင်ရောက် လာမှု များကြောင့် တိုင်းနှင့် ပြည်နယ် အသီးသီး တို့ကိုလည်း သက်ရောက်မှု ရှိခဲ့ပြီး တိုင်းနှင့် ပြည်နယ် များ၏ လူဝင်မှု ကြီးကြပ်ရေး အစီအမံနှင့် လုံခြုံရေး စည်းသည်လည်း သတိချပ်စရာ ဖြစ်လာခဲ့ပေသည်။

မွန်ပြည်နယ် အတွင်း ယခုအောက်တိုဘာလ (၁၁) ရက်နေ့မှ အောက်တိုဘာလ (၂၄) ရက်နေ့ အထိ (၁၄) ရက်အတွင်း ခိုးဝင် ဘင်္ဂါလီ (၂၆) ဦးအား ဖမ်းဆီး နိုင်ခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ် အတွင်း၌လည်း အောက်တိုဘာ (၁၁) မှ (၂၄) ရက်အတွင်း၌ပင် (၂၄) ဦး တို့အား ထပ်မံ ဖမ်းဆီး နိုင်ခဲ့သည်။

ထို့ပြင် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ အခြေစိုက် ထားသည့် MCL ဘိလပ်မြေ စက်ရုံ အတွင်း၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံခြားသားများကို ထပ်မံ ဖော်ထုတ် နိုင်ခဲ့ ပေသည်။

မွန်ပြည်နယ် စီးပွားရေး ကုန်သွယ်ရေး ဖြစ်ထွန်း တိုးတက်ရန်အတွက် ကူးလူး ဆက်သွယ်မှု အားကောင်းရန် လိုအပ်သည်မှာ ငြင်းချက် ထုတ်စရာ မရှိသော်လည်း ဥပဒေများကို ကျော်လွန်၍ ကူးလူး ဆက်သွယ်မှုကို ထိန်းချုပ် နိုင်ရန်မှာ ပြည်နယ် အစိုးရ၌ တာဝန် အပြည့်အဝ ရှိသည်။

သုံးသပ်ရပါမူ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ၊ တရားမဝင် ဖြတ်ကျော် ဝင်ရောက် လာသူများကို စိစစ် ဖော်ထုတ်ရန်ကား ပြည်ထောင်စုနှင့် ပြည်နယ် များ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနတို့နှင့် သက်ဆိုင်ရာများ ပူးပေါင်း လုပ်ဆောင် ကြရန် လိုအပ်နေပေသည်။

အထူးသဖြင့် ထိုကိစ္စရပ်များအား ကြိုတင် တားဆီး ကာကွယ်ခြင်း ၊ စုံစမ်းဖော်ထုတ်ခြင်း တို့ကို လုပ်ဆောင် ရန်ကား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၌ တာဝန် အပြည့်အဝ ရှိ၍ ရွှေတံခါးမှူးများ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင် နိုင်ကြစေရေး အတွက် အားထုတ်ကြရန် တိုက်တွန်း ရေးသား အပ်ပါသည်။

အယ်ဒီတာ

Leave a Reply