၁။ မိုးနှောင်းပိုင်းကာလနှင့် ဆောင်းရာသီ အအေးဓာတ်ရှိသော ကာလတွင် ရော်ဘာစိုက်ပျိုးသူများသည် ရော်ဘာစေးခြစ်ပြီး ရရှိလာသော ရော်ဘာအစေးအရည်များကို ဆာလဖြူရစ်အက်ဆစ်၊ ရေတို့ဖြင့် ရောစပ်၍ အစေးများကိုခဲအောင် ပြုလုပ်ရပါတယ်။

မြန်မာနိုင်ငံ၏ မဟာဗျူဟာ ပို့ကုန်စာရင်းတွင် ပါဝင်သည့် မွန်ပြည်နယ်ရဲ့ အဓိက ထွက်ကုန်တစ်ခုအဖြစ် “ရွှေဖြူ”လို့ တင်စားကြတဲ့ ရော်ဘာဟာ ပြည်တွင်းဈေးကွက်မှာ တစ်ဖန်ပြန်လည် ဦးမော့လာပါပြီး။ နှစ်နှစ်ဆက်တိုက် ကျဆင်းလျှက်ရှိသော ရော်ဘာဈေးမှာ ယခုနှစ်အစောပိုင်းမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာကာ ဧကအနည်းငယ်သာ စိုက်ပျိုးသည့် ရော်ဘာစိုက်ပျိုးသူတို့မှာ အသက်ရှုချောင်တဲ့ အနေအထား ရောက်ရှိလာပါတယ်။

Leave a Reply