သေဆုံးသူများ၏ရုပ်အလောင်းများကို ရွှေဘိုထောင်အပြင်သို့ ထုတ်လာစဉ် (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် ယမန်နေ့က ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းရာမှ  သေဆုံးခဲ့သူ ၄ဦး နှင့် ဒဏ်ရာရခဲ့သူ ၂ ဦး၏ အမည်စာရင်းများ ထွက်ပေါ်လာခဲ့သည်။

ဒေသခံ လူမှုကယ်ဆယ်ရေးအသင်း၏ စာရင်းများအရ သေဆုံးခဲ့သူများသည် ၁၇နှစ်အရွယ် အောင်မြင့်မြတ်(ခ) မြင့်မြတ် ၊ ၂၂နှစ်အရွယ် နေလင်း(ခ) ငရောက်၊ အသက် ၄၀ အရွယ် စိုးရန်နိုင်ကို(ခ) ကုလား နှင့် အသက် ၄၁ နှစ်အရွယ် ကျော်ဇောဟန်တို့ ဖြစ်ကြသည်။

ဒဏ်ရာရသွားသူ ၂ဦးမှာ အသက် ၃၀ အရွယ် အိုက်စိုင်း နှင့် ၃၈နှစ်အရွယ် စောလွင်တို့ ဖြစ်ကြသည်။ ၎င်းတို့ ၂ဦးအား ရွှေဘိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ ဒဏ်ရာရသူများအနက်မှ ၁ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

သေဆုံးဒဏ်ရာရသူများစာရင်း (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)သေဆုံးဒဏ်ရာရသူများစာရင်း (ဓာတ်ပုံ – ခင်နှင်းဝေ/Myanmar Now)

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းတွင် စောင်များ ၊ ပလပ်စတစ်စများဖြင့် ထုတ်ပိုးကာ သယ်ထုတ်သွားသည်ကို အကျဉ်းထောင်ရှေ့ ရောက်နေသည့် Myanmar Now သတင်းထောက်က တွေ့မြင်ခဲ့ရသည်။

ဆူပူမှုကို ပစ်ခတ်နှိမ်နှင်းစဉ် သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူများထံမှ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါ။

Written by ခင်နှင်းဝေ

Leave a Reply