မော်လမြိုင်၊မေ၂၂

ရွှေမြိုင်သီရိဈေး ကို ဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်မည့် ကိစ္စ ကို စျေးသူစျေးသားများက လုံးဝဆန္ဒမရှိကြောင်း စျေးသူစျေးသူအားလုံး၏ ကိုယ်စား ဒေါ်ခင်လှကြည်က ဆိုသည်။

မေ၂၂ရက်တွင် မော်လမြိုင်မြို့၊အောက်ကျင်းရပ် မြန်မာပြည်တောင်ပိုင်းသတင်းထောက်ကွန်ရက်ရုံးတွင် ကျင်းပခဲ့သော စျေးသူစျေးသားများ၏ သဘောဆန္ဒရယူထားခြင်းမရှိဘဲ အသစ်ပြန်လည်ဆောက်လုပ်နေခြင်းကို ကန့်ကွက်ခြင်းနှင့် ပတ်သတ်သည့် သတင်းစာရှင်းပွဲတွင် ပြောသည်။

“မဖျက်ရခြင်းအဓိကအကြောင်းက စာဝတ်နေရေးကြောင့်ပဲ၊ သူတို့က နှစ်လကြာမယ် လေးလကြာမယ် ပြောပေမဲ့ ကျွန်မတို့ မယုံပါဘူး”ဟု ဒေါ်ခင်လှကြည်က ပြောသည်။

ရွှေမြိုင်သီရိစျေးကို ၁၉၉၅တွင် လေလံစနစ်ဖြင့် ဝယ်ယူခဲ့ရပြီး စျေးထဲတွင် မြေကြီးကြမ်းခင်းနှင့် အပေါ်အမိုးသာ ပါရှိခဲ့သော်လဲ စျေးသူစျေးများက စျေးတာဝန်ခံ၏ ပံ့ပိုးမှုဖြင့် ကွန်ကရိ ကြမ်းခင်း၊ လျှပ်စစ်မီး ၊စျေးခြံဝင်းခတ်ခြင်း၊ ရေရှိအောင် ရေကန်နှင့်ပိုက်သွယ်တန်းခြင်းကို ကိုယ်အားကိုယ်ကိုးပြီး ပြုလုပ်ခဲ့ရကြောင်း ယင်းဈေးတွင် ဆိုင်ခန်း ဖွင့်လှစ်ထားသူ ဒေါ်မိမိထွန်း ကပြောကြားသည်။

မိသားစုစားဝတ်နေရေးနှင့် ဆိုင်ခန်းခ အကြွေးများ ပြန်မဆပ်နိုင်သေးသောကြောင့် စျေးခန်းကို ဖျက်ပြီး အသစ်ပြန်ဆောက်လုပ်ခြင်းကို မလိုချင်သေးကြောင်း ရွှေမြိုင်သီရိစျေးမှ ကုန်စုံရောင်းသူ မစန်းစန်းနွယ်က ပြောသည်။

ရွှေမြိုင်သီရီစျေးမှာ စျေးသူစျေးများ၏ ပြုလုပ်ထားမှုကြောင့် စျေးအကောင်းအတိုင်း ရှိနေပြီး မိသားစုစား ဝတ်နေရေကြောင့် စျေးမဖျက်ချင်သေးကြောင်း ကုန်စုံရောင်းသူ ကိုမောင်ဇော်ကပြောသည်။

“စျေးက နောက်၁၀နှစ်ထိ ဘာမဖြစ်သေးဘူး၊အကောင်းတိုင်းရှိပါသေးတယ်၊မယုံရင် လာကြည့်နိုင်ပါတယ်”ဟု ကိုမောင်ဇော်ကပြောသည်။

စျေးကို အသစ်ဆောက်လုပ်ခြင်းနှင့် ပတ်သတ်ပြီး စျေးသူစျေးသားနှင့် ကြိုတင်ညှိနှိုင်းထားခြင်း မရှိသည့် အတွက် မေလ၃ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်ကြောင်း စျေးသူစျေးသားများ၏ ဆိုင်ခန်း ၁၆၉ခန်းမှ ၁၂၉ခန်း၏ လက်မှတ်များနှင့် အတူ ကန့်ကွက်စာပေးပို့ခဲ့သည်။

ဆက်လက်ပြီး မေ၁၅တွင် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ စီစစ်ရေးကော်မတီတွင် စျေးအားဖျက်သိမ်းပြီး အသစ်ဆောက်လုပ်နေခြင်းကို စီစစ်အရေးယူပေးရန် တိုင်ကြားခဲ့သည်။

၎င်းအပြင် မွန်ပြည်နယ်လွှတ်တော်ကို ၁၇ရက်နေ့နှင့် ၂၂ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ အကူအညီတောင်းခံခဲ့သည်ဟု စျေးသူစျေးသားများထံမှ သိရသည်။

မေလ၂၃ရက်နေ့ ရွှေမြိုင်သီရိရပ်ကွက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် စျေးသူစျေးများ သားများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်ဝန်ကြီး တို့နှင့်တွေ့ဆုံခဲ့သည်။

စျေးသူစျေးသားများဖြင့် ဆန္ဒကို လိုက်လျောမှုမရှိခဲ့လျှင် နိုင်တော်သမ္မတနှင့် အတိုင်ပင်ခံကို စာတင်သွားမည်ဟု လည်းရွှေမြိုင်သီရိဈေးက ဒေါ်အေးစိုးက ပြောသည်။

တွေ့ဆုံပွဲတွင် စျေးသူစျေးများက ဝန်ကြီးချုပ် ၏ အဖြေနှင့် ပတ်သတ်ပြီး အလိုမကျသဖြင့် မေ၂၃ရက်နေ့တွင် လွှတ်တော်သို့ ထပ်မံအကူအညီတောင်းခံခဲ့သည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် မြိုင်သာယာစျေး၊သီရိမြိုင်စျေး၊ရွှေမြိုင်သီရိစျေး၊ဒိုင်းဝန်စျေးပျံကျစျေး၊ ကျိုက်မရောမြို့မစျေးတို့ ပြုပြင်တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ ကျပ်သန်း ၁၆၈၀ခန့်မှန်းထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးမှသိရှိရသည်။

ရန်လင်းအောင်

Leave a Reply