Advertisements

ကျိုက်ထို၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံမှ အဆောက်အဦနှင့် စိုက်ခင်းမြေများကို ရွှေသံလွင်ကုမ္ပဏီမှ ပြည်နယ်အစိုးရသို့ အနိမ့်ဆုံးတန်ဖိုးဖြင့် ဝယ်ယူခဲ့ရသော ပြန်အမ်းငွေကို ရယူခြင်းမရှိဘဲ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က ကျင်းပသည့်သိမ်ဇရပ်ကျေးရွာ လူထုတွေ့ဆုံပွဲတွင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်ကပြောသည်။

အဆိုပါ စက္ကူစက်ရုံနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ အဆောက်အဦအပေါ်အနိမ့်ဆုံးတန်ဖိုးပြန်အမ်းငွေများနှင့် စက်မှုကုန်ကြမ်း စိုက်ခင်း မြေ ၉,၆၃၀ အတွက် ယင်းတို့မှ ပြည်နယ်အစိုးရသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း ၄၇၆ ဦးကို နိုင်ငံတော်မှ တည်ဆဲ ဥပဒေများအတိုင်း ကရုဏာကြေး၊ နစ်နာကြေးများ ပေးအပ်၍ ဝန်ထမ်းအဖြစ်မှ ရပ်စဲခွင့်ပြုရန် ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း သိရသည်။

“ကျွန်တော်တို့ အဖွဲ့က ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့ပါ။ ပြည်နယ်အစိုးရကို အပ်မယ်ဆိုတဲ့ ပစ္စည်းစာရင်းတွေကို လက်ရှိ မြေပြင်မှာ ရှိတာနဲ့ စာရင်းမှာရှိတာ ကိုက်မကိုက် မှန်မမှန်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုပြင်ဆင်ထားဖို့ ပဏာမအနေနဲ့လာစစ်တာပါ။ ကျွန်တော်တို့ အဖ့ွဲရဲ့လက်အောက်မှာ မြို့နယ်အဖွဲ့ ဆပ်ကော်မတီလေးတွေရှိတယ်။ မြေဧကဆိုလည်း ပြည့်မပြည့်ကို မြေစာရင်းကတိုင်းရမယ် အလုပ်သမားတွေနဲ့ပတ်သက်ရင်လည်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးအဖွဲ့က ဘယ်လိုလုပ်ဆောင်ပေးရမယ်ဆိုတာတင်ပေးရမှာပါ”ဟု ပဏာမလေ့လာဆန်းစစ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်က ယင်းကိစ္စနှင့် ပတ်သက်၍ ပြောသည်။

စစ်တောင်းစက္ကူစက်ရုံ၊ ဌာနမှူး မစုမွန်က စက်ရုံတွင် ဝန်ထမ်း ၄၇၆ ဦးနှင့် မိသားစုဝင် ၂၀၀၀ ကျော် ရှိကြောင်း၊ ယခုလိုပြန်လည်အပ်နှံမည်ဆိုပါက နောက်ကုမ္ပဏီမလာသေးသရွေ့ လစာပေးထားခြင်း သို့မဟုတ် ပြည်နယ်အစိုးရမှ ရွှေသံလွင်၏ လှူဒါန်းခြင်းကို လက်ခံပါက ဝန်ထမ်းအားလုံး၏ လစာကို တာဝန်ယူပေးသင့်ကြောင်း ပြောသည်။

စစ်တောင်းစက္ကူစက်မှာ ယခင်အစိုးရလက်ထက်က ရွှေသံလွင်ကုမ္ပဏီသို့ ဝန်ထမ်းများပါ လွှဲပြောင်းပေးခဲ့ပြီး ဝန်ထမ်းများအား အစိုးရဝန်ထမ်းဘဝမှ ကုမ္ပဏီဝန်ထမ်းအဖြစ်သို့ ပင်စင်ပေးကာ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများထံမှ သိရသည်။

Written by – ရွေစင်

Advertisements
<

Leave a Reply