Advertisements

ထိုင်းနိုင်ငံမှာ ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကျော် ရှိနေသော ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေသော နေရာဖြစ်ပြီး အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် သင့်လျော်သော မူဝါဒများ ချမှတ်ပါက Thailand 4.0 မဟာဗျူဟာအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော အစီရင်ခံစာထဲတွင် ထိရောက်သော ရွှေ့ပြောင်းအလုပ်သမားမူဝါဒကို ချမှတ်ခြင်းက ကျွမ်းကျင်သော ထုတ်လုပ်နိုင်စွမ်းမြင့်မားသော အလုပ်သမားများကို စွဲဆောင်မှုရှိသော အသိပညာ အခြေပြု စီးပွားရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏စီးပွားရေးပညာရှင် မော်ရိုတက်စ်တဗာဒီက ဆိုသည်။

ASEAN Economic Co-mmunity သည် အလုပ်သမားများကို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်စေမည်ဖြစ်ကာ အာဆီယံနိုင်ငံများအနေဖြင့် ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမားကိုသာ ပိုမိုလိုချင်နေသော်လည်း လက်ရှိတွင် အလုပ်သမားများမှာ ကျွမ်းကျင်မှုနည်းပါးပြီး အချက်အလက် အထောက်အထားမရှိသော အလုပ်သမားများသာရှိနေသည်။

ဒေသတွင်းတွင် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့မှာ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၆ ဒသမ ၅ သန်း အလုပ်လုပ်ကိုင်နေပြီး ထိုပမာဏမှာ ဒေသတွင်းတစ်ခုလုံး၏ ၉၆ ရာခိုင်နှုန်း ရှိနေသည်။

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်း အလုပ်သမားစုစုပေါင်းသုံးသန်း၏ တစ်ဝက်ခန့်မှာ အထောက်အထားမဲ့များဖြစ်ကာ အများစုမှာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လေးနှစ်အတွင်း ပြုပြင်ပြောင်းလဲရေးမှာ ထိုင်းနိုင်ငံ၏ အဓိကလုပ်ဆောင်သော အကြောင်းအရာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်မှု မူဝါဒများ၊ စနစ်များနှင့် လျော်ညီသော ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ ယူရစ်ဇာချူက ပြောသည်။

Source: The Nation

Advertisements
<

Leave a Reply