မွန်ပြည်နယ်အတွင်းလာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား အိမ်ထောင်စု၂၄ဝကျော်အတွက် အိမ်ထောင်စုစာရင်းများထုတ်ပေးထားကြောင်းမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးရှိန်ဝင်းကဟင်္သာမီဒီယာသို့ပြောသည်။

settle worker

မွန်ပြည်နယ် လ.ဝ.ကဌာနမှ ရွှေ့ပြောင်းလုပ်သားများ၏ စာရင်းကိုမတ်လမှ စတင်ကာကွင်းဆင်းကောက်ယူ
စိစစ်ခဲ့ပြီးတရားဝင်အိမ်ထောင်စုစာရင်းများကိုထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းဦးရှိန်ဝင်းကပြောသည်။

“ အိမ်ထောင်စုစာရင်းမလုပ်ချင်တဲ့သူတွေလည်းများတယ်၊တကယ်လုပ်ချင်တဲ့သူက ၂၄ဝလောက်ပဲရှိတဲ့အတွက် သူတို့ကိုအရင်လုပ်ပေးလိုက်တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

အိမ်ထောင်စုစာရင်းလုပ်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အချက်အလက်များမှန်ကန်ရမည်ဖြစ်ပြီးမွန်ပြည်နယ်အတွင်းနေထိုင်ခဲ့သည့် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားရှိရမည်ဖြစ်ကြောင်းဦးရှိန်ဝင်းကရှင်းပြသည်။

ထို့ပြင် ရွှေ့ပြောင်းလုပ်သားများကိုအိမ်ထောင်စုစာရင်းထုတ်ပေးသည့်လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းရှိတိုင်းရင်းသားများ၏ အသံများနှင့် ပါတီအသီးသီးမှထွက်ပေါ်လာသည့် သဘောဆန္ဒများကိုလည်းအလေးအနက်ထားသင့်ကြောင်းဒေါက်တာအောင်နိုင်ဦးကဆက်လက်ပြောသည်။

“ အတည်တကျဆိုရင်ကိစ္စမရှိဘူး၊ ယာယီပြောင်းရွှေ့လာပြီးဘာမှနေရာထိုင်ခင်းအတည်တကျမရှိဘဲနဲ့ အိမ်ထောင်စုစာရင်းလာလုပ်ရင်တော့ မထုတ်ပေးသင့်ဘူး” ဟုမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောသည်။

မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားအိမ်ထောင်စု ၉ဝဝဝခန့်အထိရှိနေပြီးသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီအိမ်ထောင်စုစာရင်းများထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်းမွန်ပြည်နယ် လ.ဝ.ကညွှန်ကြားရေးမှူး ဦးရှိန်ဝင်းကပြောသည်။

Leave a Reply