ဒေါက်တာသန်းထွန်းအောင် ( ဒုတိယညွှန်ကြားရေးမှူးချုပ်- ကူးစက်ရောဂါ တိုက်ဖျက်ရေးဗဟို)

မြန်မာနိုင်ငံ နယ်စပ်ဒေသနှင့် နီးကပ်စွာတည်ရှိသော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံထားရသည့် မြန်မာနိုင်ငံသား ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ကို တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံဆိုင် ရာ မြန်မာ ကောင်စစ်ဝန်ရုံးက ကြေညာချက်တစ်ဆောင် ထုတ်ပြန်ထားသည်။

zikar

ယင်းသို့ ဇီကာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြန်နှံ့မှုသည် မြန်မာနိုင်ငံ နှင့် နီးကပ်သော အခြေအနေသို့ ရောက်ရှိ လာခြင်းကြောင့် ပြည်တွင်းသို့ ရောဂါ မပြန့်ပွားစေရေးအတွက် အစိုးရ၏ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကူးစက်ရောဂါတိုက် ဖျက်ရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ။ ။ မြန်မာနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ကပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင် မှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံ ထားရတဲ့ မြန်မာနိုင်ငံသား တစ်ဦး တွေ့ရတယ် လို့ ကောင်စစ်ဝန်ရုံးက သတင်း ထုတ်ပြန်ထား ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံဘက်ကို ရောဂါ ကူးစက်မခံရအောင် ဘာတွေ ပြင်ဆင်ထား သလဲခင်ဗျ။

Dr.TTA။ ။ အဓိကကတော့ မနေ့က ဝန်ကြီးဌာန အစည်းအဝေးလုပ်တယ်။ ဇီကာဗိုင်းရပ်စ် (Zika Virus)အတွက်ပေါ့ လုပ်နေတဲ့လုပ်ငန်းစဉ်ကရှိပြီး သားပေါ့။အခုနယ်စပ်ဝင်ပေါက်တွေကနေ စစ်ဆေးနေတယ်။ ဇီကာဗိုင်းရပ်စ်ပိုးရှိမရှိ ဇီကာဗိုင်းရပ်လက္ခဏာရှိမရှိ သွေးဖောက်စစ်မယ် ဒါထိုင်းနယ်စပ်တင်မဟုတ်ဘူး တရုတ်၊ အိန္ဒိယဘင်္ဂလားဒေ့စ် နယ်စပ်လေးခုလုံးပေါ့။ ပြီးတော့ နိုင်ငံတကာလေဆိပ်တွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တွေ အားလုံးမှာ တစ်အချက် အနေနဲ့ ကျန်းမာရေးစစ်ဆေးတဲ့လုပ်ငန်းတွေလုပ်မယ် နောက်ပြီးတော့မှ Aedes ခြင်ကြား ထောက် လှမ်းရေးပေါ့။ နယ်စပ်ဂိတ်တွေကိုလေဆိပ်တွေကိုစစ်ဆေးမယ် ခြင်ကင်းရှင်းရေးလုပ်ငန်း တွေကိုတိုး မြှင့်လုပ်ဆောင်မယ် ရက်သတ္တပတ်အလိုက်လှုပ်ရှားမှုတွေ လုပ်မယ်။ ပြီးရင် တိုင်းနဲ့ပြည်နယ်တွေမှာ အသိပေးဆွေးနွေးပွဲတွေ ကျင်းပမယ်။ နောက်တစ်ခါ ကျန်းမာရေးပညာပေးဟောပြောပွဲတွေကို issue campaign တွေ အများကြီးလုပ်မယ်။ ပြီးတော့ပညာရှင်တွေပေါ့ ကလေးအထူးကုတို့ သားဖွား OG တို့နဲ့လက်တွဲပြီးအတူတူလုပ်မယ်။ ရှင်းရှင်းပြောရရင်နိုင်ငံထဲဝင် မလာအောင်ကိုလုပ်မယ်။ သတင်းထုတ်ပြန်ချက်တွေ လည်းလုပ်နေတယ်။ မြန်မာပြည်မှာတော့ ဇီကာနဲ့ပတ်သက်တာမတွေ့သေးဘူးအိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်တာတော့ဟုတ်တယ် စင်္ကာပူမှာ ၂၄၂ ယောက်ဖြစ်တယ်။ ထိုင်းမှာလည်း ၂၀လောက်ဖြစ်တယ်။ ဗမာအမျိုးသမီးတွေလည်းပါတယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ တော့ မတွေ့သေးဘူး တို့တွေအနေနဲ့ကတော့ အဝင်မခံအောင် ကြိုးစားနေတယ်။ ကျန်းမာရေးလုပ်ငန်း တွေကို လည်းမီဒီယာကနေထုတ်ပြန်နေတယ်။

ဟင်္သာမီဒီယာ။ ။ အခု ဖြစ်ပွားနေတဲ့ ဇီကာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို ရှင်းပြပေးပါ ခင်ဗျ။

Dr.TTA ။ ။ ရောဂါလက္ခဏာကတော့ စပြီးဖျားမယ်။ အနီစက်တွေထွက်မယ် မျက်စိတွေရဲလာမယ် အဆစ်တွေနာလာမယ်ပေါ့။

ဟင်္သာမီဒီယာ။ ။ အခုလက်ရှိ ပတ်ဝန်းကျင် နိုင်ငံတွေမှာ ဇီကာ ဗိုင်းရပ်စ် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ကာကွယ်ရေး ဘယ်အဆင့်မှာ သတ်မှတ်ထားပါသလဲခင်ဗျ။

Dr.TTA။ ။ ကျန်းမာရေးဌာနအနေနဲ့ကသတ်မှတ်ချက် လေးဆင့် ရှိတယ်။ ပထမအဆင့်နေနဲ့က နိုင်ငံတွင်းမှာရောဂါမရှိသေးရင် ကြိုတင်ကာကွယ်တဲ့ အဆင့်။ နိုင်ငံထဲကိုဝင်လာပြီ တွေ့ပြီဆိုရင် ဒါကအဆင့်နှစ် နောက်တစ်ခု က ရောဂါကဝင်လာတယ် သို့သော် ရပ်တန့်သွားမယ် ကူးဆက်မှု မရှိဘူးဆိုရင် ဒါကိုအဆင့်သုံးလို့သတ်မှတ်တယ် အဆင့်လေးကတော့ သွေးလွန်တုပ်ကွေး လိုပဲ နိုင်ငံအနှံပြန့်နေပြီဆိုရင်ပေါ့။ ယခုလက်ရှိကတော့ မြန်မာနိုင်ငံမှာတော့ အဆင့်တစ်ပဲရှိသေး တယ် ရောဂါဖြစ်ပွားသူလူနာလည်းမရှိသေးဘူး ပြန့်နှံမှု လည်းမရှိသေးတော့ ကြိုတင်ကာကွယ်မှုတွေ လုပ်နေတာပေါ့။

ဟင်္သာမီဒီယာ
။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Leave a Reply