ရန်ကုန်၊ သြဂုတ် ၈ ။ ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ဖြစ်သည့် သြဂုတ်လ ၈ ရက်နေ့ကို “မြန်မာနိုင်ငံဒီမို ကရေစီနေ့”ဟု တရားဝင်သတ်မှတ်ပေးရန်အတွက် အစိုးရသစ်ကို ရှစ်လေးလုံး အခမ်းအနားကျင်းပရေး ကော်မတီက တိုက်တွန်းလိုက်သည်။13950946_622202711291311_855488785_o

သြဂုတ်လ ၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်၌ ကျင်းပသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ထည့်သွင်းဖော်ပြ ထားခြင်းလည်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အစည်းများဖြစ်သည့် ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတို့မှ ဦးဆောင်ကျင်းပလျက်ရှိသည်။

အလားတူ ယင်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တို့လည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

photo credit – ကျော်စိုးမိုး ၊ အောင်ကျော်ထွန်း

Leave a Reply