Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၁၁

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ တစ်ပါတီတည်းမပူးပေါင်းနိုင်ပါက နယ်မြေခွဲဝေ၍ ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်နိုင်ရန် ညှိုနှိုင်းသွားမည်ဖြစ်ကြောင်း SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက ဟင်္သာမီဒီယာသို့ပြောကြားသည်။

ရှမ်းပါတီ နှစ်ခုပူးပေါင်းရန် (သို့မဟုတ်) ပါတီနှစ်ခုမပူးပေါင်းနိုင်ပါက နယ်မြေခွဲခြား၍ ရွေးကောက်ပွဲဝင်ရန် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများ၊ ရှမ်းလူမှုအဖွဲ့အစည်းများပူးပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Advertisements
data-language="en"

“တကယ်လို့ပေါင်းလို့မရရင် အမှန်ကနိုင်နိုင်တဲ့မြို့နယ်တွေရှိတာပေါ့။ အရင်တုန်းက ကျွန်တော်တို့ ၅၈ နေရာတောင်နိုင်ခဲ့တာကိုး။ ၂၀၁၀ တုန်းက အဲ့တော့ နိုင်နိုင်တဲ့နေရာတွေကို နေရာခွဲပြီးတော့ ဝင်ပြိုင်ဖို့ပေါ့။ ပါတီနှစ်ခုညှိုနှိုင်းပြီးတော့” ဟု စိုင်းအိုက်ပေါင်းကပြောသည်။

ကျားဖြူပါတီအနေဖြင့် ရှမ်းပါတီနှစ်ခုမပူးပေါင်းနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် (သို့မဟုတ်) မြို့နယ်ခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ဥက္ကဌ ယွက်စစ်ထံ အော်တိုဘာ ၂၈ ရက်နေ့က အကြောင်းကြားစာပေးပို့ထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ SNLD အတွင်းရေးမှူးစိုင်းညွှန့်လွင်က “ကျွန်တော်တို့ဘက်ကတော့ ဘာမှမဆုံးဖြတ်ရသေးဘူး။ သူဟာသူပြောနေတာ။ ကျွန်တော်တို့ကိုလည်း ဘာမှမပြောထားဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် SNDP ပါတီသည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၅၈ နေရာတွင်အနိုင်ရရှိခဲ့သည်။ သို့ရာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။ SNLD ပါတီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၀ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ နေရာတို့တွင် အနိုင်ရရှိခဲ့သည်။

Written by ဆုမင်းကို

Leave a Reply