(ဓါတ်ပုံ အညွှန်း – ကျိုက်ထိုမြို့၊ မလော့ချောင်းကျေးရွာမှာ ဘာသာရေး အဆောက်အုံဟု ယူဆရသော ရှေးဟောင်းကုန်း တစ်ခုအား တူးဖော်နေစဉ်)

ကျိုက်ထို၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ သုဝဏ္ဏဘူမိမြို့ဟောင်းနှင့် မိုင် ၄၀ ခန့်ကွာဝေးသော ကျိုက်ထိုမြို့၊ မလော့ချောင်းကျေးရွာတွင် ဘာသာရေး အဆောက်အုံဟု ယူဆရသော မီတာ ၂၀ ပတ်လည် အကျယ်အဝန်းရှိ ရှေးဟောင်းကုန်း တစ်ခုအား ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက စတင်တူးဖော်လျက်ရှိကြောင်း ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရန်အောင်က ပြောဆိုသည်။

(ဓါတ်ပုံ အညွှန်း – ကျိုက်ထိုမြို့၊ မလော့ချောင်းကျေးရွာမှာ ဘာသာရေး အဆောက်အုံဟု ယူဆရသော ရှေးဟောင်းကုန်း တစ်ခုအား တူးဖော်နေစဉ်)
(ဓါတ်ပုံ အညွှန်း – ကျိုက်ထိုမြို့၊ မလော့ချောင်းကျေးရွာမှာ ဘာသာရေး အဆောက်အုံဟု ယူဆရသော ရှေးဟောင်းကုန်း တစ်ခုအား တူးဖော်နေစဉ်)

“ရှေ့ပြေးအဖွဲ့က အရင်ကွင်းဆင်းဆောင်ရွက်ပြီး လာကြည့်တယ်၊ ပြီးတဲ့နောက်မှာ တူးဖော်ဖို့အတွက် စာတင်တယ်၊ စာပြန်ကျတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်၊ မနက်ပိုင်းမှာတော့ အရင်ဆုံး ချုံနွယ်တွေအရင်ရှင်း၊ ပန္နက်ရိုက်တယ်၊ ပြီးမှ တစ်လွှာချင်း တစ်လွှာချင်း တူးဖော်သွားရမှာ၊ ထွက်ရှိလာတဲ့အပေါ် မူတည်ပြီးမှ ဘယ်လို အဆောက်အအုံလဲဆိုတာ ခန့်မှန်းလို့ရမယ်”ဟု ၎င်းက ပြောသည်။

ဘီလင်းမြို့နယ် ဝင်းကကျေးရွာတွင်လည်း ဘာသာရေး အဆောက်အအုံဟု ယူဆရသော ရှေးမြို့ဟောင်း ကုန်းများကို တူးဖော်နေခြင်းဖြစ်ပြီး မလော့ချောင်ကျေးရွာ၌ တူးဖော်မှုပြုလုပ်ခြင်းသည် ပထမအကြိမ် စတင် တူးဖော်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာတွင် တူးဖော်စဉ်က ရှေးခေတ်ဒင်္ဂါပြား တစ်ခု၊ မြေမီးဖုတ် ထိုင်တော်မူ ဆင်းတုတော် အောက်ပိုင်းတချို့၊ အလျားရှစ်လက်မနှင့် အနံလေးလက်မအရွယ်ရှိသော မြေမီးဖုတ် အုတ်ခွက်ဘုရား တစ်ဆူ၊ တိရ စ္ဆာန်ဟု ယူဆရသော ရုပ်လုံးရုပ်ကြွ အပိုင်းအစများနှင့် အခြားအပိုင်းအစ ၁၂၀ ခန့်ကို တူးဖော်တွေ့ရှိထားကြောင်း ကနဦးမှတ်တမ်းများအရ သိရသည်။

Leave a Reply