Advertisements

မော်လမြိုင်၊ မေ၂

မွန်ပြည်နယ်၏ မော်လမြိုင်ဆန်ဈေးကွက်တွင် သင်္ကြန်ပြီးနောက်ပိုင်း ဆန်လက်ကျန်ပြတ်၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆန်ရောင်းဝယ်နေသူ လုပ်ငန်းရှင်များထံမှ သိရသည်။

စပါးကြိတ်ခွဲမှု နည်းပါးခြင်းနှင့် လက်ကျန် ဆန်ပြတ်ပြီး အရောင်းအဝယ်ကောင်းလာသည့်အတွက်ကြောင့် ဆန်ဈေးနှုန်း မြင့်တက်ရခြင်း ဖြစ်ပြီး၊ ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀၀မှ ၂၀၀၀ အထိ မြင့်တက်လာသည်ဟု မော်လမြိုင် ဈေးကြိုရှိသိန်းသန်းဖြိုး ဆန်ပွဲရုံပိုင်ရှင်ဒေါ်ပန်းရီက ပြောသည်။

“အခုသင်္ကြန်ပြီးတော့ ပစ္စည်းပြတ်တယ်၊ အဲ့ကြောင့်ဆန်က တစ်အိတ်တစ်ထောင်လောက် ဈေးတက်နေတယ်၊ တစ်ပတ်ဝယ် တစ်ပတ်ဈေးတက်တာ အသစ်ထပ်ဝယ်ရင်ထပ်တက်တယ်”ဟု ဆိုသည်။

လက်ရှိ မော်လမြိုင် ဆန်ဈေးကွက်တွင် ဧပြီ ပထမအပတ်က ပုသိမ်ပေါ်ဆန် တစ်အိတ်လျှင် ကျပ် ၄၃,၀၀၀ သာရှိခဲ့ရာမှ ဧပြီ တတိယအပတ်တွင် တစ်အိတ်လျှင် ကျပ်၄၅,၀၀၀ အထိ လည်ကောင်း၊ ရွှေဘိုပေါ်ဆန်းမှာ ကျပ် ၅၃,၀၀၀မှ ၅၄,၀၀၀ အထိ လည်ကောင်း၊ မွန်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၁,၀၀၀ မှ ၃၃,၀၀၀ အထိလည်းကောင်း ဈေးနှုန်းမြင့် တက်နေသည်။

“သင်္ကြန်မတိုင်ခင် တစ်လလောက်က အရောင်းဝယ်အေးတယ်၊ သင်္ကြန်အတွင်းမှာ ရောင်းဖို့အတွက် ဝယ်ထားတာ သင်္ကြန်ပြီးသွားတော့ ရောင်းထားတာဝယ်ထားတာ ကုန်တော့ ပြန်ဝယ်တယ် အရောင်းဝယ်သွက်တယ်” ဟု သော် ဆန်ရောင်းဝယ်ရေးမှ မသော်က ပြောသည်။

Written by ဂေထော

Advertisements
<

Leave a Reply