န်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိပန်းတောင်းမြို့နယ်အတွင်း လက်နက်ကိုင်ဆောင်ထားသော အရပ်သား သုံးဦးတွေ့ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကပြောကြားသည်။

pantaung-copy-copy

“ဒီသတင်းကဒေသခံတစ်ဦးရဲ့ပြောကြားချက်တစ်ခုတည်းပဲရှိတယ် တိကျခိုင်လုံတဲ့သက်သေမရှိတော့ ဟုတ်သလားမဟုတ်သလားအတိပြုလို့မရဘူးလေ။ဒါပေမယ့် ကျွန်မတို့ဆီမှာတော့ အခုထိတည်တည် ငြိမ်ငြိမ်ပါပဲ”ဟုပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇နာရီခန့်က ပန်းတောင်းမြို့နယ် ကိုင်းကြီးအုပ်စုကြေးစည်ရွာအနီးတွင် လက်နက်ကိုင်အရပ်သားသုံးဦးတွေ့ရှိသည်ဟုဒေသခံများ၏ သတင်းပေးချက်အရတပ်မတော် နယ်မြေခံခလရ ၉၂ နှင့် ဥသျှစ်ပင်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး နှစ်ရက်ကြာရှာဖွေမှုများပြုလုပ်ခဲ့ပြီးယနေ့ နေ့လယ်ပိုင်းတွင် ရှာဖွေမှုရပ်တန့်ပြီးနောက်ပြန်ဆုတ်ခဲ့သည်ဟု ၄င်းကပြောကြားသည်။

“ကျွန်မ ဒီနေ့ နေ့လည်လောက် ဒေသခံတွေနဲ့ ရှာဖွေတဲ့နေရာမှာ ပါတဲ့ တစ်ယေက်ကို ဆက်သွယ်ကြည့်တော့ အားလုံးက အေးအေးဆေးပဲ ရှိတယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဥသျှစ်ပင်ရဲစခန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ အရာရှိတစ်ဦးက “သွားရှာတဲ့အဖွဲ့က ပြန်မရောက်သေးဘူး။ ထူးထူးခြားခြားလည်း မကြားပါဘူး”ဟု ဟင်္သာမီဒီယာသို့ ဖြေကြားသည်။
ပန်းတောင်းမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် ထိစပ်လျက်ရှိသောပဲခူးတိုင်းဒေသကြီးအတွင်းရှိတောင်ကုတ်-ပန်းတောင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။

Leave a Reply