Advertisements

နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက်။

ACE Group ကုမ္ပဏီဥက္ကဌထံမှ လက်နက်များဖမ်းဆီးရမိသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အလွန်စိုးရိမ်မိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုလိုက်သည်။

ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၁၉ ရက်ကကျင်းပသည့် ဆဌမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ အခမ်း အနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဝန်ကြီးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စက နည်းနည်းလေးတော့သိမ်မွေ့ပါတယ်။ လေဆိပ်ကသွားတိုင်း ဒီ X ray ကို လူတိုင်းဖြတ်ရပါတယ်။ ဘယ်လေဆိပ်မဆိုဖြတ်ရတယ်။ နိုင်ငံခြားမှာလည်း ဖြတ်ရပါတယ်။ အဲ့တိုင်းဖြတ်တဲ့အခါမှာ လက်နက်သွားတွေ့ တော့ လက်နက်ထည့်ထားတဲ့ဒီအိတ်ကို သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ဖြတ်သွားတာကိုက စဉ်းစားစရာဖြစ်ပါတယ်။ ပြောရင် စကားနည်းနည်းကျွံသွားလိမ့်မယ်။ နောက်ဆက်တွဲကိုပဲ စောင့်ကြည့်ကြပါ။ အတိုင်ပင်ခံကြီးရဲ့လုံခြုံရေး ကို အတော်စိုးရိမ်ပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုကပြောသည်။

နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက်၊ ညပိုင်းက ACE Group ကုမ္ပဏီဥက္ကဌ ဦးဖြိုးကိုကိုတင့် ဆန်းနှင့် အပေါင်းအပါ(၂)ဦးတို့ထံမှ သေနတ်(၂)လက်နှင့် ဆေးပြား(၁၂)ပြား ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ကြောင့် ယင်းပိုင်ဆိုင်သည့် နေအိမ်နှင့် ဟိုတယ်များတွင် ကွင်းဆက်အဖြစ် ထပ်မံရှာဖွေစုံစမ်းဖော်ထုတ်ရာ စုစု ပေါင်း သေနတ်အလက်(၂၀)ခန့်နှင့် လူ(၁၂)ဦးထိ ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါအမှုတွင် ဖမ်းဆီးရမိသူများအား ရန်ကုန်မြို့၊ သာကေတရဲစခန်း၊ ဗဟန်းရဲစခန်းနှင့် နေပြည်တော်၊ ဒက္ခိ ဏ သီရိရဲစခန်း၊ အေလာနယ်မြေရဲစခန်းတို့တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှိ့ဝှက်ချက်အက်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မများဖြင့် အသီးသီးအမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Written by – MMK

Advertisements
<

Leave a Reply