Advertisements

ပေါင်းတည်၊ အောက်တိုဘာ(၁)။

လက်နှင့် ပွတ်သတ်ပေးယုံဖြင့် ရောဂါများပျောက်ကင်းသည်ဟု နာမည်ကျော်ကြားနေသော (၅)နှစ်ကျော်အရွယ် ကလေးငယ်ထံသို့ လာရောက်ကုသသူ များပြားနေကြောင်း ကလေး၏ မိသားစုဝင်များထံမှ သိရသည်။

“ရွာမှာက လူအရမ်းများလာတော့ ကလေးကို အနားရအောင်ဆိုပြီးမြို့ပေါ်မှာလာနားနေတာ၊ မရဘူး ဒီကိုလည်း လိုက်လာကြတာ ကလေးရဲ့ အတိတ်ကံကြောင့် ဒီလိုမျိုး ပျောက်ကင်းတယ်လို့ယူဆတယ် ကုသစရိတ်လည်း မတောင်းဘူး ဆိုင်းဘုတ်လည်းမတင်ဘူး အလှုငွေ ၅၀ထည့်လည်းရတယ် ဒီလိုပဲ လက်ကလေးနဲ့ ထိပေး သပ်ပေးယုံနဲ့ ကုပေးတာ”ဟု ကလေး၏ ဘကြီးတော်စပ်သူ ဦးဝင်းထွဋ်က ပြောသည်။

ယခင် နှစ်လကျော်ကတည်းက ကုသပေးနေရာမှ တဖြည်းဖြည်း လူသိများလာက လာရောက် ကုသသူများပြား လာခြင်းကြောင့် မူလကုသရာ ပေါင်းတညိမြို့နယ် ကြာနီကန်အုပ်စု ရှားပေါင်ကျေးရွာမှတဆင့် ပေါင်းတည်မြို့ သို့ လာရောက်နားနေသည့်အချိန်မှာပင် နားနေသည့်နေရာသို့ ရပ်နီးရပ်ဝေးမှ လာရောက်ကုသသူများက ကုသပေးရန် တောင်းဆိုမှုကြောင့် ထံမံကုသမှုများ ပြုလုပ်ပေးနေရခြင်းဖြစ်ကြာင်း သိရသည်။

အဆိုပါကလေးငယ်ထံသို့ ပုံမှန်ရက်များတွင် လူ ၂၀၀ခန့် လာရောက်ကုသလေ့ရှိပြီး အဖိတ်၊ ဥပုဉ်နှင့် ကျောင်းပိတ်ရက်များတွင် လူ၆၀၀ ခန့်လာရောက် ကုသလေ့ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမ အကိုတုန်းက အသက်ရှုကြပ်တယ် မျက်နှာအမ်းတယ် အမောဖောက်တယ် အဲတာ သူ့ဆီနှစ်ခါပဲလာတာ လက်နဲ့သပ်ပေးတာ ပျောက်သွားတယ် အဲတာနဲ့ ကျမတို့လည်းလာတာ”ဟု ကြို့ပင်ကောက်မြို့မှ လာရောက် ကုသသူ မသန်းသန်းမော်က ပြောသည်။

ကလေးမှာ (၅)နှစ်နှင့်(၈)လအရွယ် မောင်ထွန်းတေဇအောင်ဖြစ်ပြီး ၎င်း(၅)နှစ်အရွယ်က ကျေးရွာအတွင်းမှ ဈေးသည်တစ်ဦး၏ မျက်စိအနီးမှ အဖုကိုကုသပေးရာ ပျောက်ကင်းခဲ့ပြီး ထိုမှတဆင့်ပြီးခဲ့သည့် ၃လခန့်က ကျောင်းအုပ်ဆရာမတစ်ဦး၏ လက်မှ အသားပိုကို ကုသပေးရာ ပျောက်ကင်းခဲ့ခြင်းကြောင့် လူမှုကွန်ရက်မှတဆင့် လူသိများလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Advertisements
<

Leave a Reply