Advertisements

ဘေရွတ် ဖေဖော်ဝါရီ

လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းရေး ဖန်တီးနိုင်ရန် လက်ဘနွန်နိုင်ငံ၌ ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ရင်းနှီးမြှုပ်နံှမည့် အစီအစဉ်တစ်ရပ် စတင်လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ကမ္ဘာ့ဘဏ်အဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“အလုပ်လက်မဲ့ ဦးရေတိုးပွားနေတာကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုနဲ့ ဟန့်တားနိုင်ဖို့ မျှော်မှန်းထားတယ်”ဟု ကမ္ဘာ့ဘဏ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အဲလက်စ်ဝေါ့မန်းက ပြောသည်။

ရင်းနှီးမြှုပ်နံှမည့်အဆိုပြုချက်ကို ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့နှင့် လက်ဘနွန်ဆက်သွယ်ရေး လုပ်ငန်းဝန်ကြီး မိုဟာမက်ချိုကိုင်ရာတို့ တွေ့ဆုံစဉ် စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ဝန်ကြီးများအဖွဲ့ကောင်စီတွင် ကမ္ဘာ့ဘဏ်က အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တစ်ရပ်ကို လက်ဘနွန်နိုင်ငံအနေဖြင့် အထောက်အပံ့ပေးရန်လည်း ကမ္ဘာ့ဘဏ်က တောင်းဆိုထားကြောင်း
လက်ဘနွန်ဆက်သွယ်ရေးဝန်ကြီးရုံး၏ ထုတ်ပြန်ချက်ကဆိုထားသည်။

“ကျွန်တော်တို့ဘက်က ငွေကြေးထောက်ပံ့မှာဖြစ်ပြီး လက်ဘနွန်နိုင်ငံဘက်က စီမံခန့်ခွဲ့မှုနဲ့ ဥပဒေအရ အာမခံချက် ထောက်ပံ့ပေးရင်တော့ ကျွန်တော်တို့ရဲ့ ဘုံမျှော်လင့်ချက်ဟာ မုချအောင်မြင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ အဲလက်စ်က ပြောသည်။

လက်ဘနွန်နိုင်ငံ သမ္မတ မစ်ချယ်အော်ယွန်၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ်အတွင်းက လက်ဘနွန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၄၆ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာအထောက်အပံ့များအတွက် အာဖဂန်နစ္စတန် နိုင်ငံအစိုးရအား အမေရိကန်ဒေါ်လာ ၂၃၅ သန်း ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

CNN

Advertisements
<

Leave a Reply