Advertisements

ရန်ကုန် ၊ နိုဝင်ဘာ

ဦးသိန်းစိန်အစိုးရလက်ထက်ထက် လက်ရှိ NLD အစိုးရလက်ထက်တွင် လယ်သမားများ ပိုမိုဒုက္ခရောက်နေရကြောင်း တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဦးကျော်စွာစိုးကပြောသည်။

“ပထမအစိုးရလက်ထက်တုန်းက လွှတ်တော်မှာ လယ်သမားအရေးကို စွမ်းစွမ်းတမံဆောင်ရွက်ကြပါတယ်။ ဆောင်ရွက်ကြပေမယ့် အခုအဲ့ဒီလွှတ်တော်ကဆုံးဖြတ်ထားတဲ့ ဥစ္စာတွေကိုပြန်ပြီးဖျက်တယ်။ ပြန်ဖျက်ပြီးတဲ့အခါ ပြန်ပြီးတော့အသစ်ပြန်တင်ခိုင်းတယ်။ တင်လိုက် တက်လိုက် အပေါ်ဆင်းလိုက် အောက်တက်လိုက်နဲ့ ဘာမှလုပ်လို့မရတဲ့အတွက် အခုလယ်သမားလက်ထဲကို ဘယ်လယ်မှ တစ် လယ်မှမရောက်သေးပါဘူး။ တော်တော်လေးကိုရှားပါတယ်။ ရောက်တဲ့ဟာလည်းရောက်ပါတယ်” ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

လက်ရှိအချိန်တွင် သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လိုချင်နေကြသော်လည်း အများစုမှပြန်လည်ရရှိခြင်းမရှိသေးကြောင်း၊ မြေသြဇာဈေးနှုန်းများကြီးမားလာပြီး အခွန်နှုန်းထားများလည်းမြင့်မားနေခြင့်၊ သွင်းအားစုမှာ တန်ဖိုးမြင့်မားလာပြီး ထွက်ကုန်များမှာ ဝယ်မည့်သူမရှိခြင်းတို့ကြောင့် လယ်သမားများပိုမိုဒုက္ခရောက်နေရကြောင်း ဦးကျော်စွာစိုးက ရှင်းပြသည်။

“လက်ရှိအစိုုးရက အောက်ခြေထိသေသေချာချာ ကျွန်တော်တို့လို ဒီလိုလယ်သမားပါတီ နိုင်ငံရေးပါတီတွေကို ခေါ်ပြီးတော့စည်းရုံး ပြောဆိုပြီးတော့မှ ပူးတွဲပြီးတော့မှ လုပ်ဆောင်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ ကိုယ်တစ်ပါတီတည်း လုပ်နေလို့ ဘယ်တော့မှ အထမြောက်မှာမဟုတ်ပါဘူး” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ဦးသိန်းစိန်လက်ထက်တွင် ဖြေရှင်းခဲ့သော လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာများမှာ လက်ရှိအစိုးရလက်ထက်ထိပြေလည်မှုမရရှိသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် NLD ရွေးကောက်ပွဲအနိုင်ရရှိပါက လယ်ယာမြေအရေးဦးစားပေးဖြေရှင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်သော ၅၁ သန်းသောပြည်သူများမှ ၇၅ ရာခိုင်နှုန်းမှာ ကျေးလတ်နေပြည်သူများဖြစ်ပြီး အများစုမှာ လယ်ယာလုပ်ငန်း ၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်သည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply