နေပြည်တော်၊ စက်တင်ဘာ ၂၀ ။ ။ စီးပွားရေးတိုးချဲရန်နှင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေရန်အတွက် ဆောက်လုပ်ရန်လျာထားသည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို လက်ရှိ အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီး တည် ဆောက် သွားရန် စီစဉ်ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

logo-copy

“တည်ဆောက်ရေး ကန်ထရိုက်တာ ရွေးချယ်ပြီးပါက တံတားတည်ဆောက်ရေးလုပ်ငန်းအား ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒလတံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးရန် စီစဉ်ရေးဆွဲထားပါ တယ်” ဟု ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

မူလရေးဆွဲထားသော တံတားဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် JICA တို့ပူးပေါင်း ရေးဆွဲ နေသော ၂၀၄၀ Yangon City Plan နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း၊ ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်ခြင်းများ ကြောင့် တံတားစီမံကိန်းရပ်ဆိုင်းရပါက အခြားနေရာတွင် ဒလ-ရန်ကုန်တံတား သို့မဟုတ် မြစ်ဖြတ်ရေးလိုဏ် ခေါင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည် မေးခွန်းအား ရန်ကုန်တိုင်းဒေသကြီး ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“မူလစီမံကိန်းအတိုင်း တံတားတည်ဆောက်ရန် လမ်းအူကြောင်း ၃ ခုရွေးချယ်လျာထားခဲ့ပြီး ရန်ကုန်ဘက်လမ်း၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ ဒလဘက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ လမ်းအူကြောင်းဟာ ထိခိုက်မှု အနည်းဆုံးလမ်းကြောင်းဖြစ်တဲ့အတွက် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းပြသည်။

ဒလတံတားစီမံကိန်းသည် ရန်ကုန်မြို့လယ် စီးပွားရေးဗဟိုအား ရန်ကုန်မြစ်တောင်ဘက် ဒလသို့တိုးချဲ့ဖော်ထုတ် နိုင်ခြင်း၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း မြို့များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အ ထောက်အကူဖြစ်ခြင်းသာမက ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးနှင့် အနာဂတ် ရန်ကုန်မြစ်ဝ၌ ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော လမ်းတံတားအခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေး နိုင်ရန် ရန်ကုန်-ဒလ ချစ်ကြည်ရေးတံတားသည် တည်ဆောက်ရန်လိုအပ်ကြောင်းလည်း ၄င်းက ဆိုသည်။

တံတားတည်ဆောက်စဉ် ကာလအတွင်း ယာဉ်ကြောကြပ်တည်းမှု အနည်းဆုံးဖြစ်စေရေးအတွက် ကိုးရီးယား အတိုင်ပင်ခံကုမ္ပဏီနှင့် Traffic Management ကို အသေးစိပ်တွက်ချက် သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

Leave a Reply