၅။ ဖရုံသီးပုံမီးပုံး၊ ယပ်တောင်ပုံမီးပုံးနဲ့ ဘာဂျာခေါက်ပုံစံ မီးပုံးများပြုလုပ်ပြီး အမျိုးအစားအလိုက် မီးပုံးတစ်လုံးလျှင် ၁၅၀ ကျပ်မှ ၁၃၀ဝ ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချကြကြောင်း သိရပါတယ်။

မိုးလေကင်းလွတ်မည့် သီတင်းကျွတ်အခါသမယ ရောက်ရှိတာနဲ့ အိမ်တိုင်းနီးပါးလိုလို ညချမ်းချိန်ခါတွင် လပြည့်ဝန်းကြီးနှင့်အပြိုင် ရောင်စုံမီးပုံးလေးတွေ ထွန်းညှိချိတ်ဆွဲထားတာတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်းသို့ တရုတ်လုပ်မီးပုံးများ ဝင်ရောက်လာသော်လည်း ပြည်တွင်းလုပ်သည့် လက်လုပ်စက္ကူ မီးပုံးများမှာ ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်းတို့ကြောင့် မီးပုံးပြုလုပ်သည့် လုပ်ငန်းသည် ဆက်လက် အောင်မြင်နေဆဲပါ။

Leave a Reply